Android Users Guide စာအုပ် (မြန်မာလို)



 
Android ဖုန်းအသုံးပြုသူများအတွက်Android user guide (မြန်မာလို) စာအုပ်လေး တင်ပေးလိုက်ပါတယ် ဗျာ။ ယခုမှ စတင်၍ နည်းပညာကို လော့လာနေသူများနှင့် Android အကြောင်းကို အသေးစိတ်လေ့ လာရမယ့် စာအုပ်လေးပါခင်ဗျာ။ Android ဆိုတာဘာလဲ၊ Root ဆိုတာဘာလဲ၊ Samsung၊ Huawei၊ HTC ၊ Sony၊ LG ဖုန်းများအား root လုပ်ခြင်း ၊ CWM Recovery ဆိုတာဘာလဲ၊ Custom ROM ဆိုတာဘာလဲ၊
Cutom ROM များ အခမဲ့ရယူနိုင်သောဝက်ဆိုဒ်များ၊ Application၊ Games များအခမဲ့ရယူနိုင်သော ၀က် ဆိုဒ်များအကြောင်းကို ပြည့်စုံစွာရှင်းပြထားတဲ့ စာအုပ်လေးဖြစ်ပါတယ်ခင်ဗျာ။

Download=>> Link 1, Link 2

Share from: www.ittharlay.blogspot.com


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။

နေရောင်ခြည် စွမ်းအင်သုံး ပလပ်ပေါက်


 
သယ်ဆောင် အသုံးပြုနိုင်သည့် ပလပ်ပေါက်ကို ပြတင်းပေါက် များတွင် ကပ်ခြင်းဖြင့် လျှပ်စစ် ပစ္စည်း များကို အားသွင်းနိုင်မည် ဖြစ်သည်။ ပလပ်ပေါက်သည် နေရောင်ခြည် စွမ်းအင်ကို ရယူပြီး လျှပ်စစ် စွမ်းအင်သို့ ပြောင်းလဲပေးမည် ဖြစ်သည်။ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ် စွမ်းအင်သို့ ကူးပြောင်း ပေးနိုင်သော ကိရိယာ များစွာ ထွက်ပေါ်ဖူး သော်လည်း ယခု ကိရိယာမှာ ပလပ်ပေါက် အနေဖြင့် တိုက်ရိုက် အသုံးပြုနိုင် ခြင်းမှာ ထူးခြားပါသည်။
ဒီဇိုင်နာ များဖြစ်သည့် Kyuho Song နှင့် Boa Oh တို့၏ အဆိုအရ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်မည့် Portable Socket ကို ဒီဇိုင်းပြုလုပ် ခဲ့ခြင်းဖြစ် ပါသည်။

Portable Socket သည် နေရောင်ခြည်စွမ်းအင်ကို ရယူပြီး လျှပ်စစ် စွမ်းအင် အနေဖြင့် ပြောင်းလဲ၍ သိုလှောင် သိမ်းဆည်း ထားမည် ဖြစ်သည်။ ထို့နောက်တွင် လျှပ်စစ် ပစ္စည်းများကို ပလက်ပေါက်နှင့် ချိတ်ဆက်၍ အားသွင်းနိုင်မည် ဖြစ်သည်။

Socket တွင် ဘက်ထရီပါရှိပြီး စွမ်းအင်များကို သိမ်းဆည်းပေးနိုင်သည့်အတွက် အလင်းရောင် မရရှိသည့် ညအချိန်များ သို့မဟုတ် နေရောင်ခြည် မရရှိသည့် နေရာများတွင်လည်း ပလပ်ပေါက်မှ အားသွင်းနိုင်မည် ဖြစ်သည်။ 

Portable Charger သို့မဟုတ် Portable Socket တွင် စုပ်ခွက်ပါရှိပြီး ပြတင်းပေါက်များတွင် ကပ်နိုင်ရန် ဖြစ်ပါသည်။ အတွင်းဘက်တွင် Solar Panel များကို တပ်ဆင်ထားပါသည်။ ဒီဇိုင်နာများက အဆိုပါ ကိရိယာသည် Charger/ Converter နှစ်မျိုးအနေဖြင့် အသုံးပြုနိုင်မည်ဟု ပြောပါသည်။

ယခုအချိန်တွင် Windows Socket သည် နမူနာပုံစံ အဆင့်သာ ရှိသေးသော်လည်း ဒီဇိုင်နာများက အနာဂတ်တွင် စွမ်းဆောင်ရည်၊ စွမ်းအင်သိုလှောင်မှုနှင့် အားသွင်းချိန်များကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးရန် မျှော်လင့်နေပါသည်။ Windows Socket တွင် သေးငယ်သော 1000mAh Battery တပ်ဆင်ထားသော်လည်း မိုဘိုင်းဖုန်းတစ်လုံးကို အားသွင်းရန် လုံလောက်သည်ဟု သိရပါသည်။ သို့သော် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို အားသွင်းရန် မလုံလောက်သေးဟု သိရပါသည်။ ကိရိယာကို နေရောင်ခြည်စွမ်းအင်မှ အားသွင်းရန် ငါးနာရီမှ ရှစ်နာရီ ကြာမြင့်မည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများကို ဆယ်နာရီကြာ ပြန်လည်အားသွင်းပေးနိုင်ပါသည်။


ref;Myanmar Digital Life Journal


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။

၁၀ မိနစ်အတွင်း Facebook အလွယ်ဖွင့်နည်း ( Code မတောင်းပါ )


 Image result for Facebook icon
ဒီနည်းကို မနေ့ကတည်းက ပြောပြချင်နေခဲ့တာပါ.. ကျွန်တော်လည်း ညီးလေးတစ်ယောက် ပြောပြလို့ လုပ်ကြည့်တာ. ခဏလေးပဲကြာတယ်.. လုပ်နည်း ကြည့်ရအောင်..
ပထမဆုံး ကိုယ့်မှာ Facebook Account မဖွင့်ရသေးတဲ့ Gmail သစ် တစ်ခု ရှိထားရပါမယ်..  မရှိရင် Gmail အမြန်ဖွင့်နည်း ပြောပြပါမယ်..
1. ဖုန်းမှာ Chrome Browser ရှိရပါမယ်.. အခြား Browser တွေက အချိန်ကြာပြီး အဆင်မပြေတာ များလို့ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ..

Chrome Browser :
2. ဖုန်း အင်တာနက်ကို ဖွင့်ပြီး Chrome Browser ရဲ့ အပေါ်ဆုံးက Address Bar ထဲမှာ https://mail.google.com လို့ရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်ပါ..

Screenshot_2014-07-30-00-46-18

3. ပြီးရင် Create an account ကိုနှိပ်. ဖုန်းနံပတ်ကလွဲလို့ ဖြည့်စရာရှိတာ ဖြည့်ပြီး Continue ဆိုတဲ့ အပြာတန်းကြီးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ဖုန်းနံပတ်တောင်းလိမ့်မယ်.. တစ်ခါတစ်လေ မတောင်းဘူး.. တောင်းခဲ့ရင် အကွက်လေးရဲ့ ဘေးက အလံလေးကို တစ်ချက်နှိပ်လိုက်ပြီး Myanmar +95 ကိုရှာပြီးရွေးလိုက်.. ပြီးရင် ကိုယ့်ဖုန်းနံပတ်ကို 09 ကစပြီးဖြည့်လိုက်.. ကျွန်တော် ဖြည့်ပြထားတယ်.. How do we Send you codes? ရဲ့ အောက်နားမှာ Voice Call ကိုရွေး.. ပြီးရင် Continue ကိုနှိပ်လိုက်ပါ..


Screenshot_2014-07-30-00-50-59

ဖုန်း တစ်လုံး( နံပတ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်.. ) ခေါ်လိမ့်မယ်.. သူပြောတဲ့ ဂဏန်း ၆ လုံးကို ဖြည့်ရမယ့် အကွက်ထဲဖြည့်လိုက်ပြီး Confirm ကိုနှိပ်လိုက်ပါ..
4. Profile ဖြည့်ခိုင်းမှာဖြစ်ပါတယ်.. ကျော်သွားလို့လည်း ရပါတယ်.. ပြီးရင်တော့ Gmail ထဲကိုရောက်သွားပြီး Gmail Team က ပို့တဲ့ အီးမေး တွေ တွေ့ပါမယ်.. ဒီအတိုင်းထားလိုက်ပါ..


Screenshot_2014-07-30-00-55-53

ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်ပါ.. ( Home Key ဆိုတာ Huawei နဲ့ HTC မှာဆိုရင် အိမ်ပုံလေး.. ဖုန်းရဲ့ အောက်နားလေးမှာရှိတယ်. Samsung မှာဆို အောက်နားက Button အကြီးကြီး. )
ဒီမှာ Gmail ဖွင့်တာ ပြီးသွားပြီ... Gmail ရှိပြီးသားဆိုရင် အဆင့် 3 နဲ့ 4 ကို လုပ်စရာမလိုဘူး.. Sign in ဝင်ထားပြီး Home နဲ့ ထွက်ထားလိုက်ပါ....

Facebook Account ဖွင့်နည်း
1. ဖုန်းမှာ UC Browser တင်ထားလိုက်ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ..

UC Browser :
2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.

Screenshot_2014-07-30-00-58-06 

ပြီးရင် Create New Account ကိုနှိပ်ပါ..

Screenshot_2014-07-30-00-58-43

3. ဖြည့်ရမယ့် အကွက်တွေထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ်သွားရင်တော့ confirm code တောင်းတဲ့အဆင့်ကို ရောက်သွားပါမယ်..

Screenshot_2014-07-30-01-13-10

 ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..


4. ခုနက ပြန်ထွက်ထားခဲ့တဲ့ Chrome Browser ကိုဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်.. မတွေ့သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီမှာ Code 5 လုံး ပို့ထားတာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ..

Code

5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅ လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..


Screenshot_2014-07-30-01-13-48

6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထားသလို ဖြည့်လိုက်ပါ.. ဒါက အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့၊ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ်.. ပြီးရင်တော့ Save ပေါ့..

Screenshot_2014-07-30-01-15-53
7. နောက်တစ်ဆင့်ကတော့ Friend တွေကို Add ပေးရပါမယ်. အနည်းဆုံး Friend 5 ယောက်ကို Search Box ထဲမှာ ရှာပြီး Add လိုက်ပါ.. လက်ခံမယ့်သူဆို ပိုအဆင်ပြေပါတယ်.. ၂၄ နာရီအတွင်း ၅ ယောက်လုံးက Friend အဖြစ် လက်ခံရင် ပိုကောင်းပါတယ်..

Screenshot_2014-07-30-01-16-17

8. နောက်အဆင့်တွေမှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီးသွားရင်တော့ Facebook Account တစ်ခု လွယ်လွယ်ကူကူ ရပြီးသွားပါပြီ...


Screenshot_2014-07-30-01-32-33

 Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့်အကောင့်ကို Log in ဝင်နိုင်ပါပြီ...
ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်.. အကောင့်လုပ်တုန်းကအတိုင်း ဖြည့်ပေးလိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယအဆင့်ကို Skip လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်.. လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...


Screenshot_2014-07-30-03-02-57


Screenshot_2014-07-30-03-03-18


အကောင့်ရပြီဆိုပြီး အားရဝမ်းသာ ဖြစ်မနေခင် သိထားရမယ့် စည်းကမ်းလေးတွေ ပြောပြပါအုံးမယ်..
1. ၂၄ နာရီအတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့်ပါနဲ့အုံး.. နောက် သက်တမ်း ကြာလာမှ လင့်တွေပါတဲ့ စာတွေ တင်လို့ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့သုံး မလုပ်ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...

ဒါဆိုရင်တော့ အဆင်ပြေပါပြီ.. ဘယ်တော့ ဖုန်းနံပါတ်နဲ့ ကုဒ်တောင်းမလဲဆိုတာ မသိပါဘူး....

နောက်တစ်ခုက မိတ်ဆွေတွေကို သေသေချာချာ ရှင်းပြထားပါလျက်နဲ့ Facebook အကောင့်လေး ဖွင့်ပေးပါ.. Facebook အကောင့် ဝယ်ချင်လို့ပါဆိုပြီး လာမပြောပါနဲ့.. ကျွန်တော် အဲဒီဝန်ဆောင်မှု မလုပ်ပေးပါခင်ဗျာ..

အထက်ပါနည်းအတိုင်း တစ်နေ့ကို အရေအတွက်အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်.. ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...

Screenshot_2014-07-29-16-23-52


Screenshot_2014-07-29-16-25-00 
Credit to maungpauk.org
Thiha Htike(THT)
0973151297

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ရက် 30 ဖုန်းခေါ်ဆိုခလျှော့ချပေးမည့် အစီအစဉ်


10580193_351506894999010_5596626011574155962_n 
ယနေ့မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ Friends and Family Service ၀န်ဆောင်မှု အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင်ဆင်နွဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ အစီအစဉ်တွင် ပါဝင်လိုသူများသည် 1331 သို့ Massage ပေးပို့ရန်သာ လိုအပ်ပါသည်။

(က) ဦးစွာ မိမိမှ ရွေးချယ်ထားသည့် သူငယ်ချင်း/မိသားစုဝင် တို့၏ မိုဘိုင်းဖုန်းနံပါတ်များကို 1331 သို့ စာရင်းပေးသွင်းနိုင်ရန်အတွက် ADD နှင့် (ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်၍ Message ပေးပို့ရပါမည်။ နမူနာ ( ADD 095888999 )  

(ခ) ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့်အခါတိုင်း အောက်ပါ Massage ကို လက်ခံရရှိမည်ဖြစ်ပါသည်။ " Success! you can call 095888999 for 25 kyats/min until 2014-8-31"  

(ဂ) အကယ်၍ မိုဘိုင်းဖုန်းနံပါတ် ၃ ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Massage ကို လက်ခံရရှိပါမည်။ " Sorry you have exceded friend list, you can add only 3 friends, for more info please call 1876"  

 (ဃ) စာရင်းပါ ဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါက မိမိ၏ ဖုန်းတွင် VIEW ဟုရိုက်၍ 1331 သို့ Massage ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။  

(င) စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ် ၃ ခုကို အခြား မိုဘိုင်းဖုန်းနံပါတ်ဖြင့် အစားထိုး ပြောင်းလဲလိုပါက မိမိ၏ ဖုန်းတွင် MODIFY(ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုသော ဖုန်းနံပါတ်အသစ်) တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင်ပါသည်။ (နမူနာ - MODIFY 094111222 094777888)  

(စ) ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကိုလက်ခံရရှိပါမည်။ " Number 094777888 is now your new friend list"  

သတိပြုရန် အချက်များ ============= 

(၁) ၀န်ဆောင်မှု အစီအစဉ်အတွက် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ ကျပ်ကို ၀န်ဆောင်မှုအသုံးပြုမည့်သူ၏ GSM/WCDMA မိုဘိုင်းဖုန်း လက်ကျန်ငွေမှ နုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့သော မိုဘိုင်းဖုန်း နံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း ခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။  

(၂) လောလောဆယ် အနေဖြင့် GSM/WCDMA မိဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး မိမိ၏ နံပါတ်တစ်ခုလျှင် မိုဘိုင်းဖုန်း နံပါတ် အများဆုံး ၃ ခုသာ ၀န်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိပါသည်။  

(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း လက်ကျန်ငွေ ၂၅၀၀ ကျပ်အနည်းဆုံး ရှိရန် လိုအပ်ပါသည်။  

(၄) ADD (သို့မဟုတ်) MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် ၁ ခုသာ ဆောင်ရွက်ရပါမည်။ 

(၅) စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် ၃ ခုအနက် နှစ်သက်ရာ ၁ ခုကို ၁ ကြိမ်သာ လျှင် အစားထိုး ပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။  

(၆) အသေးစိတ် သိရှိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့ လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။

၁ မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောနိုင်မည့် မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု

ADSL

၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင်မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။
ဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။
မက်ဆေ့ပေးပို့ပြီးတာနဲ့ ၁ လအတွင်း အဲဒီနံပါတ် ၃ ခုဆီ ၁ မိနစ် ၂၅ ကျပ်နှုန်းနဲ့ ကြိုက်သလောက် ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ၀န်ဆောင်ခ ကျပ် ၂၅၀၀ သတ်မှတ်ထားတာကြောင့် ကိုယ်ပေးထားတဲ့ နံပါတ်တွေဆီ ၁ လအတွင်း မိနစ် ၁၀၀ အထက် ခေါ်ဆိုသူတွေမှသာလျင် ဈေးနှုန်းသက်သာတဲ့ အကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကို ဂျီအက်စ်အမ် အမျိုးအစား ဖုန်းသုံးသူတွေကပဲ ရယူနိုင်ပြီး စီဒီအမ်အေ ၈၀၀ နဲ့ ၄၅၀ ဖုန်းကိုင်ဆောင်သူတွေအတွက် အကျုံးမ၀င်ဘူးလို့ ဖော်ပြထားပါတယ်။



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။

Big Bag – One Eleven ( ၀မ်းအီလဲဗင်း ) (ipod.iphone.ipad)


 

၀၁ – အမှည့်လွန်
၀၂ – ၀ှက်ထားတဲ့ကောင်းကင်
၀၃ – သူစိမ်း
၀၄ – ချစ်စရာလောက
၀၅ – လက်နဲ့ဖြန့်ခံထား
၀၆ – ဖြည်းဖြည်းနှေးနှေး
၀၇ – ဘ၀တစ်ခုကျကွဲခြင်း
၀၈ – ဂရမ်မီပဲယူလိုက်တော့မယ်ကိုကိုချစ်ရယ်
၀၉ – မျက်ကွယ်ပြုချိန်
၁၀ – ဒါပဲကျန်တယ်
၁၁ – စိတ်တေလေ
၁၂ – ၀ne way point of view
၁၃ – ငါလဲစိတ်နဲ့
၁၄ – မာနနန်းတော်
Mediafire
http://adf.ly/qhBL4
Filefactory
http://adfoc.us/21422644649202
Depositfiles
http://adfoc.us/21422644649458

facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)



Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

♪ THE RHYTHM OF FIGHTERS v1.2.0 Apk Update (July-24) ♫

THE RHYTHM OF FIGHTERS Apk
ကျွန်တော်အခုတင်ပေးလိုက်တဲ့ Game လေးကတော့ ကွန်ဖူးချရမယ့် Game လေးဖြစ်ပါတယ်။ Fighter တွေ အများကြီးထဲကမှ မိမိနှစ်သက်သဘောကျတဲ့ လူစွမ်းကောင်းတစ်ဦးကို ရွေးချယ်ပြီး အခြားသူများနဲ့တိုက် ခိုက်ရမယ့် ပုံစံမျိုးပါ။ လူစွမ်းကောင်းတစ်ယောက်စီမှာ ကိုယ်ပိုင်စွမ်းအားတွေ တိုက်ကွက်တွေရှိပါတယ်။ အဲဒီစွမ်းအားတွေ ကိုတော့ ခလုတ်တွေကိုစမ်းပြီးကလိကြည့်ရမှာပါ။ ဖိုက်တိုင်ချလို့တော့ အတော်လေးကို မိုက်ပါတယ်။ Game ပုံစံလေးကိုကြည့်နိုင်အောင် အောက်မှာ Screen Shot ရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်။


THE RHYTHM OF FIGHTERS - screenshot thumbnail

THE RHYTHM OF FIGHTERS - screenshot

THE RHYTHM OF FIGHTERS - screenshot

THE RHYTHM OF FIGHTERS - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)



Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..

♪ နီနီခင်ဇော် - MARIO (2014) [DVD KARAOKE] ♪



[ Quality: MP4 ]
၀၁။ MARIO
၀၂။ ရက်စက်သွားသူ
၀၃။လေယာဉ်ပျံ
၀၄။ မျှော်လင့်ချက်တစ်စုံတစ်ရာ
၀၅။ မခွဲခင်
၀၆။ အသည်းမခွဲပါနဲ့
၀၇။ အချစ်မှာကျဆုံးချိန်
၀၈။ နေဝင်ချိန်
၀၉။ အချစ်ဆုံးလို့ခေါ်နိုင်မလား
၁၀။ ထိုင်ထ
၁၁။ မိုးစက်လေး
၁၂။ အထာမနက်တဲ့လူ

[Download Full DVD KARAOKE] [741MB]
FireDrive= [Download Full DVD] 
Credit:itburma@Ehlar  


♪ Digital Life Journal Issue Vol-3 ၊ Issue 13 (21.7.14) ♫

Photo: အပတ်စဉ်စီစဉ်တင်ဆက်နေကျဖြစ်သော Digital Life နည်းပညာဂျာနယ်၏ အတွဲ ၃ အမှတ် ၁၄ အား အောက်ပါ link များမှ download ဆွဲယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကျေးဇူးပြု၍ Download လုပ်သူတိုင်း Like လုပ်ပေးခြင်း၊ ထပ်ဆင့် Share ပေးခြင်းဖြင့် ကူညီပေးကြပါခင်ဗျာ။
အရောင်းဆိုင်များမှ ၀ယ်ယူအားပေးကြသော၊ အွန်လိုင်းမှ Download ရယူ အားပေးကြသော စာဖတ်ပရိသတ်များကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
Link(A)
---------
http://www.mediafire.com/?6cm5dd28563b15o
Link(B)
---------
http://bit.ly/dl03-14
Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(3), Issue (14) ကို တင်ပေး လိုက်ပါတယ်ဗျာ။ 28 ရက်နေ့ထွက် ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife

facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
www.myanmartechit.blogspot.com





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..

download

 

♪ Techspace Journal Vol (3), Issue (17) (29.7.14) ♫


Photo: ယနေ့ထွက် Tech Space ကွန်ပျူ တာ ၊ သိပ္ပံ နှင့် နည်းပညာ ဂျာနယ်
Vol-3 Issue-17
Download Link

http://www.mediafire.com/download/cks92fk3sqge34r/TechSpace+%5BVol-3%2C+Issue-17%5D+FB.pdf
Techspace ဂျာနယ်ကို အပတ်စဉ်အင်္ဂါ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Techspace ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Techspace ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Techspace Journal Vol(3), Issue (17) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 29 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။





facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
www.myanmartechit.blogspot.com





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..

download


 

♪ ဖုန်းထဲမှ Data များကို Backup လုပ်ဖို့အသင့်တော်ဆုံး - My Backup Pro v4.1.0 APK ♫


My Backup Pro v4.1.0 APK
Android ဖုန်းတွေမှာ backup မှတ်လို့အသုံး ဝင်မယ့် နောက်ထပ် Application တစ်ခုကတော့ "My Backup Pro"ဆိုတဲ့ App လေးတစ်ခုပါပဲ မိမိဖုန်းရဲ့ app တွေ၊photoတွေ၊videoတွေ၊contactတွေ၊call log တွေ ၊smsတွေ၊mms တွေ၊ musicတွေ၊ bookmarkတွေ၊cleaner၊ system setting တွေ၊home screen shortcut တွေ၊ alarmတွေ၊ dictionary တွေ၊ music playlist များ၊apn setting၊data setting ပိုင်းတွေ၊ အစရှိတာတွေ နဲ့တော်တော်များများရဲ့ အချက်အလက်တွေကိုပါ backup မှတ်ပေးထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။ မိမိ ဖုန်းရဲ့ sd card/ext sd card များပေါ်တွင် backup ယူသိမ်းလို့ရတဲ့အပြင်၊သူ့မှာပါဝင်ထားတဲ့ online storage မှာလည်း upload တင်ပြီး သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ Factory Reset ချရင်ပဲဖြစ်ဖြစ်၊ ဖုန်း(Device)နောက်တစ်လုံးကိုအသုံးပြုရင်ပဲဖြစ်ဖြစ်၊မိမိ backup ပြုလုပ်ထားခဲ့တဲ့ အရာများကို ပြန်လည်၍ Restore ပြန်လုပ်ပေးခြင်းဖြင့်၊မိမိမှတ်ထား ခဲ့သည့် အချက်အလက်များကို တိကျစွာပြန်လည် အသုံးပြုခွင့် ရစေပါတယ်။ App နဲ့ Data ကိုတွဲပြီးမှတ်လို့်ရစေတာဟာ လည်း အားသာတဲ့အချက်တစ်ခုပါ။ Latest Full Version ဖြစ်တာကြောင့်လည်း.ပိုမိုပြည့်စုံတဲ့ features ပိုင်းတွေကို သုံးစွဲခွင့်ရလာစေမှာဖြစ်ပါတယ်။ ဒီ application လေးကို Play Store မှာဝယ်ယူအသုံးပြုမယ်ဆိုရင် $4.99 ပေးဝယ် ရမှာဖြစ်ပြီး အခုဒီပို့စ်လေး မှာတော့ Free ဒေါင်းလုဒ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ -Apk File Size MB3.5 ရှိပြီး Android OS Version 1.6 နှင့်အထက်ရှိထားသောဖုန်းများမှာ ထည့်သွင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 

My Backup Pro - screenshot thumbnail     My Backup Pro - screenshot thumbnail 
My Backup Pro - screenshot thumbnail      My Backup Pro - screenshot thumbnail 
My Backup Pro - screenshot thumbnail      My Backup Pro - screenshot thumbnail 
My Backup Pro - screenshot thumbnail      My Backup Pro - screenshot thumbnail

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။




facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
www.myanmartechit.blogspot.com


အဘိဓမ္မာအကျဉ်းချုပ် Android App









ဒီ Android ဖုန်းဆော့ဝဲလေးရေးပြီး တရားတွေတော်တော်နာလိုက်ရပါတယ်။
-
ဒေါက်တာအရှင်နန္ဒမာလာ ၏ အဘိဓမ္မာအကျဉ်းချုပ် တရားတော် အား Android
Application အနေဖြင့်ပြန်လည်ဖန်တီးရေးသားပူဇော်ပါသည်။ စာအနေနဲ့ရော
တရားအသံအနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါမည်။ မြတ်စွာဘုရားက မိဘကျေးဇူးဆပ်ရန်
ရည်ရွယ်၍ဟောကြားခဲ့သော တရားတော်ဖြစ်တာကြောင့် ဒီ application ကို
လူကြီးမိဘတွေဖုန်းမှာသွင်းပေးထား၍အဘိဓမ္မာတရားနာစေခြင်းအားဖြင့်
မိဘကျေးဇူးးကို တစ်ဖက်တစ်လမ်းကနေဆပ်ရာရောက်ပါတယ် လူငယ်တွေရဲ့ဖုန်းတွေမှာသွင်းပြီး တရားနာခြင်းအားဖြင့်လည်းကုသိုလ်တွေရရှိမှာကြောင့် အကျိုးများပါတယ်။ အဘိဓမ္မာအကျဥ်းချုပ် For Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။




facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
www.myanmartechit.blogspot.com





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..