<<နည်းပညာနဲ့တော့မဆိုင်ပါဘူး။ဘာပဲဖြစ်ဖြစ်သိထားသင့်တယ်ထင်လို့ပြန်ရှဲပေးလိုက်ပါတယ်။>>
ကျွန်တော်တို့ မိုဘိုင်းဖုန်းတွေခေတ်စားလာတာနဲ့အတူ ဖုန်းတွေနဲ့
ရယူလို့ရတဲ့ဝန်ဆောင်မှုတွေအများကြီးပေါ်ထွက်လာပါတယ်။ အခု
ကျွန်တော်ဖော်ပြမှာကတော့ မိမိဖုန်းထဲကို သတင်းဦးသတင်းထူး စတာတွေကို
ပို့ပေးမယ့် SMS ၀န်ဆောင်မှုတွေအကြောင်းပါ။ရယူလိုတဲ့ ၀န်ဆောင်မှုကို
ရယူတဲ့နည်းလမ်းတွေပါ။ အဓိကကတေှာ့Short Code လေးတွေနဲ့ ပေးပို့ရမယ့်
စာသားText လေးတွေ ကိုတင်ပြချင်တာပါ.. မိတ်ဆွေတို့အနေနဲ့
ရယူလိုတဲ့ဝန်ဆောင်မှုပေါ်မူတည်ပြီး ... ၀န်ဆောင်မှုနံပါတ်ကို Text
ပေးပို့လိုက်ရုံပဲဖြစ်ပါတယ
မိမိဖုန်းက Message icon ကိုဖွင့်ပါ... Create Message စသဖြင့် မိမိဖုန်းအလျောက် မက်ဆေ့တစ်ဆောင်ရေးသားဖို့ လုပ်ဆောင်လိုက်ပါ။ To ဆိုတဲ့နေရာမှာ Short Code ကိုထည့်ပေးရမှာဖြစ်ပြီး ပေးပို့ရမယ့် စာသားနေရာမှာ Text ကိုထည့်ရိုက်ပေးပြီး Send ရမှာဖြစ်ပါတယ် ဥပမာ.
Eleven Sms ကို ယူမယ်ဆိုပါက အောက်ကပုံအတိုင်း မက်ဆေ့တစ်စောင်ရေးသားပေးပို့ရမှာဖြစ်ပါတယ်။နောက်မှာ ၀န်ဆောင်ခ တွေကိုလည်းဖော်ပြပေးထားပါတယ်။

ကဲဒီတော့ မိမိရယူလိုတဲ့ ၀န်ဆောင်မှုကို ရယူဖို့ အောက်မှာ Short code နဲ့ Text လေးတွေဖော်ပြပေးလိုက်ပါတယ်။
Eleven Media မှ နေ့စဉ်သတင်းများ ၊Breaking News များ ရယူဖို့
English လိုဆိုရင်-----------Short Code-18811 Text-ENGLISH ၁ရက် ၈၀ ကျပ်
မြန်မာလိုဆိုရင်.................Short Code-18811 Text-MYANMAR
English လိုဆိုရင်-----------Short Code-18811 Text-ENGLISH ၁ရက် ၈၀ ကျပ်
မြန်မာလိုဆိုရင်.................Short Code-18811 Text-MYANMAR
နိုင်ငံတကာနှင့် မြန်မာ့ရွှေဈေး၊ငွေလဲလှယ်နှုန်းများ ကို သိရှိလိုပါက
Short Code-188177 Text-YES ၁ရက် ၁၀၀ ကျပ်
Short Code-188177 Text-YES ၁ရက် ၁၀၀ ကျပ်
အင်တာနက်မရှိဘဲ မက်ဆေ့ဖြင့် ဖေ့ဘုတ် status တင်နိုင်ပြီး fb notification များကို မက်ဆေ့ဖြင့်ပြန်လည်ပို့ပေးခြင်းရယူဖို့..
Short code-18880 Text-ON MMFB တစ်ရက် ၃၅ ကျပ်
စီးပွားရေးအတွက် Fengshui Tips များ ရယူရန်
Short Code-188 Text-MFS ၁ရက် ၃၅ ကျပ်
Short Code-188 Text-MFS ၁ရက် ၃၅ ကျပ်
အားကစားပွဲများအတွက် ပေးပို့ရမယ့် Short Code က 18890 ဖြစ်ပါတယ် ..Text ပဲကွဲသွားတာပါ။
ချန်ပီယံလိဂ်အတွက်... UCLM
ပရီးမီးယားလိဂ်အတွက်. ရလဒ်-EPLR တစ်ပတ်- ၂၅၀ ကျပ်
ပွဲပြီးသတင်း-EPLM တစ်ပတ်- ၁၀၀၀ကျပ်
လာလီဂါအတွက်...ရလဒ်-LLGR တစ်ပတ်- ၂၅၀ ကျပ်
ပွဲပြီးသတင်း-LLGM တစ်ပတ်- ၁၀၀၀ကျပ်
စီးရီးအေအတွက်........ရလဒ်-SEAR တစ်ပတ်- ၂၅၀ ကျပ်
ပွဲပြီးသတင်း-SEAM တစ်ပတ်- ၁၀၀၀ကျပ်
ဘွန်ဒက်လီဂါ.........ရလဒ်-BDLR တစ်ပတ်- ၂၅၀ ကျပ်
ပွဲပြီးသတင်း-BDLM တစ်ပတ်- ၁၀၀၀ကျပ်
အားလုံးရယူရန်........ရလဒ်-ALLR တစ်ပတ်-၇၅၀ ကျပ်
ပွဲပြီးသတင်း-ALLM တစ်ပတ်-၂၀၀၀ကျပ်

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွေကိုဖုန်းနဲ့ရယူလိုတယ်ဆိုရင်တော့.
သတင်း အစုံကို မက်ဆေ့သတင်းတိုရယူလိုပါက short code-188333 ကို
bbcnews လို့ပေးပို့ပါ တစ်ရက်၆၀ ကျပ်ပါ။ တစ်နေ့ကို နှစ်ကြိမ်
မြန်မာလိုပေးပို့ပါတယ်။
ဘီဘီစီ အားကစားသတင်းတွေလိုချင်ရင်တော့ 188333 ကိုပဲ bbcsports လို့ပေးပို့ရမှာဖြစ်ပြီး သူလည်း ၆၀ ကျပ်ပဲဖြစ်ပါတယ်...
အသံနဲ့သတင်းတွေကိုနားဆင်လိုတယ်ဆိုရင်တော့
မိနစ်ကိုးဆယ်စာသတင်းတွေကို တစ်နေ့ နှစ်ကြိမ် မနမ် ၈ နာရီနဲ့ ညနေ ၆
နာရီခွဲတိုင်းမှာ သင့်ဖုန်းကို ခေါ်ဆိုပြီး သတင်းတွေ ပြောပေးမှာပါ...
ရယူလိုရင်
၀၁-၂၃၉၉၆၀၀ ကို ဖုန်းခေါ်ပါ ပြီးရင် နံပါတ် ၁ ကိုနှိပ်ပေးပါ။ တစ်ရက် ကို ၆၀ ဖြစ်ပါတယ်
အကယ်လို့...ဖုန်းခေါ်ချိန်မှာ သင့်ဖုန်းက မအားလို့ဖြစ်ဖြစ် ဆက်သွယ်မှုဧရိယာပြင်ပဖြစ်ဖြစ်ရောက်နေပါက သူတို့က မက်ဆေ့တစ်ဆောင်ပေးပို့မှာဖြစ်ပါတယ်..အဲဒီမှာ ပါတဲ့နံပါတ်ကို ကိုယ်နားထောင်ချင်တဲ့အချိန်မှာ ခေါ်ပြီး နံပါတ်၁ ကိုနှိပ် နားထောင်နိုင်ပါတယ်... ဒီဝန်ဆောင်မှုကို ပြန် deactivate လုပ်လို့ပါက 2399600 ကိုပြန်ခေါ်ပြီး 2 ကိုနှိပ်ပေးလိုက်ရုံပါပဲ.။
အသေးစိတ်သိလိုပါက 01 2399188 ကိုဆက်သွယ်နိုင်ပါတယ်။

@sayyoethe
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။
No comments:
Post a Comment