Samsung Galaxy Gear များ

Gear Fit
ဘာစီလိုနာ ပွဲမှာ Samsung ဟာ Galaxy Smartwatch Gear (3) လုံးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါတွေကတော့ (၁) Galaxy Gear 2 (၂) Galaxy Gear 2 Neo (၃) Galaxy Gear Fit တို့ဖြစ်ကြပါတယ်။ အဆိုပါ စမတ်နာရီတွေဟာ အရင် ဆမ်ဆောင်းကထုတ်တဲ့ Galaxy Gear မှ လိုအပ်ခဲ့တဲ့ ဘတ္တရီ
အားကြာရှည်ခံနိင်ခြင်း မရှိသည့် အားနည်းချက်မျိုး ကို ပြင်ဆင်ပေးထားပါတယ်။ Gear 2 နဲ့ Gear 2 Neo တို့ဟာ သိပ်ကိုဆင်ကြပြီး Neo ဟာ ကင်မရာ ကို ဇောင်းပေးထားခြင်းမရှိပဲ ပလတ်စတစ် ဗားရှင်း ဖြစ်ပါတယ်။ ဈေးသက်သာအောင် စီစဉ်ထားခြင်း ဖြစ်နိင်ပါတယ်။ အရင် စမတ်ဖုန်း Neo တွေထုတ်ခဲ့တုန်းကလည်း Neo ကို ဈေးသက်သာစွာ ကိုင်ဆောင်လို့သူတွေ အတွက် စီစဉ်ပေးထားတာကို တွေ့ရှိခဲ့ရပါတယ်။ သတ္တုပစ္စည်း တစ်ခုဖြစ်တဲ့ Gear 2 ထက် ဒေါ်လာ ၁၀၀ ခန့် ဈေးသက်သာမှာ လို့မျှော်လင့်ရပါတယ်။ နှစ်ခုလုံးကတော့ အရင်ထွက်ရှိထားတဲ့ Gear ထက်ကို Touch ပိုင်းမှာပိုကောင်းပြီး ပိုပြီးပေါ့ပါးတာကိုတွေ့ရပါတယ်။ ဘတ္တရီအပိုင်းအနေနဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်သုံးစွဲနေချိန်မှာ စမတ်ဖုန်းတစ်လုံး အားခံနိင်တဲ့ အတိုင်အတာထိကို တိုးမြှင့်ထားပေးပါတယ်။

Galaxy Gear Fit Gear Fit ကတော့ အဆိုပါ အပေါ်ကဖော်ပြထားတဲ့ Gear တွေထက်ပိုပြီး ကွဲပြားတဲ့ စမတ်နာရီ တစ်လုံးဖြစ်ပါတယ်။ ထူးခြားမူတစ်ခုအနေနဲ့ ကွေးကောက်တဲ့ သဏ္ဍာန်ရှိတဲ့ Super AMOLED မျက်နှာပြင် ဖြစ်ပါတယ်။ အနည်းငယ်တော့ သေးပြီး wallpaper တွေအနေနဲ့ စိတ်ကျေနပ်မူကောင်းစေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Galaxy စမတ်ဖုန်းတွေနဲ့ တွဲသုံးရင်တော့ သိပ်ကို လိုက်ဖက်ပြီး အသုံးဝင်စေမှာပဲ ဖြစ်ပါတယ်။ သူက Gear 2 နဲ့ Gear 2 Neo တို့ထက်ပိုပေါ့ပါးကာ ချောမွတ်တောက်ပြောင်ကာ ခန့်ညားလှပါတယ်။  
Aung Heine ( www.smart.com.mm )
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

No comments:

Post a Comment