စာချုပ်အရ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လုပ်ငန်းတွေ စတင်ပြီး ၈ လနဲ့ ၉ လအတွင်း 3G စနစ် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ကျပ်ငွေ ၁၅၀၀ လောက်နဲ့ ရောင်းချပေးသွားမယ်၊ နောက်ပိုင်း 4G အဆင့်မြှင့်တင်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ကာတာအခြေစိုက် အော်ရီဒူးနဲ့ နော်ဝေအခြေစိုက် တယ်လီနော် ကုမ္ပဏီတို့ဟာ အစိုးရဆီကနေ ၁၅ နှစ်တာ ကာလ သက်တမ်းရှိတဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဇန်န၀ါရီ ၃၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
DVB Burmese
No comments:
Post a Comment