Camera 360 app အသုံးပြုသူ သန်း ၂၅၀ ကျော်ရှိလာ



Sichuan အခြေစိုက် Pinguo Inc သည် ကမ္ဘာတစ်ဝန်း အသုံးပြုသူ သန်း ၂၅၀ ကျော်ရှိသည့် ၎င်းတို့၏နာမည်ကျော် Camera360 app 5.0 update ကိုထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ယခုအခါ ၎င်း app ကိုစတိုးများတွင် အခမဲ့ download ပြုလုပ်နိုင်ပြီဖြစ်ရာ အထူးကင်မရာ effectနှင့် filter များပါဝင်သည်။ အဆိုပါ add-on များကို ယခုအခါတွင် အခမဲ့ရရှိနိုင်သော်လည်း နောက်ပိုင်းတွင် feature များကိုငွေကြေးဖြင့် ဝယ်ယူရဖွယ်ရှိသည်။ Pinguo အမှုဆောင်အရာရှိချုပ် Xu Hao က၎င်း app ကိုအသုံးပြုသူ တစ်ဝက်ကျော်ခန့်သည် နိုင်ငံတကာမှဖြစ်ကြောင်း ပြောကြားခဲ့သည်။ Camera360 app ကိုလစဉ်အသုံးပြုသူ သန်း ၆၀ ခန့်ရှိပြီး တစ်နေ့လျှင် အသုံးပြုသူ ၁၅ သန်းခန့်ရှိကာ နေ့စဉ်ဓာတ်ပုံ သန်း ၁၀၀ ကျော်လုပ်ငန်းစဉ် ဆောင်ရွက်နေရကြောင်း သိရသည်။

Pinguo အမှုဆောင်အရာရှိချုပ်က Camera360 ကို tool အဖြစ်ဆက်လက်လုပ်ကိုင်ကာ ၎င်းတို့၏ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက် လုပ်ကိုင်သွားရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။


-စိုးထက်
(Ref: TechInAsia)
Internet Journal



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..

No comments:

Post a Comment