YOUTUBE အသုံးပြု့၍ ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေးဖြင့် SLIDESHOW တစ်ခု့လုပ်ခြင်း






Youtube ကို လူတိုင်းနီးပါ သိကြပါတယ်။အသုံးပြု့ဖူးကြမှာပါ။အနည်းဆုံးတော့ Youtube ကသီချင်းလေး 
တော့ နားထာင်ကြည့်ဖူးကြပါလိမ့်မယ်။Youtube ထဲမှာ ဒီထက်မက စိတ်ဝင်စားစရာ ပညာရပ်တွေ၊ ရယ်စရာ ဟာသလေးတွေ နဲ့ Discovery တွေအများကြီးရှိတာလည်း အားလုံးသိမှာပါ။ မတွေ့ပါဘူးလို့တော့ မပြောပါနဲ့ ခင်ဗျာ။ မရှာတက်လို့မတွေ့တာနေမှာပါ။ ရှာတက်ဖွေတက်မယ်ဆိုရင် အင်တာနက် ဆိုတာ သုံးလို့အရမ်းကောင်းပါတယ်။ မိမိအတွက် ယူတက်ရင် ပညာရပ်တွေအများကြီး မြှုပ်နှံထားတဲ့နေရာတွေပါ။
မသုံးတက်သေးဘူးဆိုရင်လည်း သုံးတက်အောင် ၊ ရှာတက်ဖွေတက်အောင်လေ့လာထားသင့်ပါတယ်။
Youtube ကို မိမိကိုယ်ပိုင်လို အသုံးပြု့ချင်တယ်ဆိုရင်တော့ Youtube မှာ ကိုယ်ပိုင်နေရာလေးတခု့ရှိဖို့
အတွက် အကောင့်လေးတခု့ ဖွင့်ထားလိုက်ပါ။အကောင့်ဖွင့်တယ်ဆိုတာလည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး
အမြဲသုံးနေတဲ့ Email ပေးလိုက်ရင်လည်းရပါတယ်။ မိမိကိုယ်ပိုင်ရှိထားတဲ့အတွက် Youtube မှာ ကိုယ်ကြည့်ချင်တာ ကိုယ်ကြည့်ထားတာတွေကို အမြန်ဆုံးပြန်ကြည့်နိုင်တယ်။ watch list ထဲထည့်ထား
မယ်ဆိုရင်လည်း မိမိပြန်ကြည့်ချင်တဲ့အခါ အလွယ်တကူပြန်ကြည့်နိုင်တာပေါ့။နောက်တခု့ကောင်းတာက
မိမိကိုယ်ပိုင် video လေးတွေ၊မင်္ဂလာဆောင်တို့ အလှုတို့ လိုတွေမှာရိုက်ထားတဲ့ ဗီဒီယိုတွေကို youtubeမှာတင်ပြီး ပြန်လည်မျှဝေပြီးကြည့်လို့ရတယ်။အကောင့်မပျက်မခြင်းကြည့်နေလို့ရတယ်။
နည်းပညာသမားတွေဆိုရင်လည်း မိမိကိုယ်ပိုင်လုပ်ထားတဲ့ tutorial တွေကို video ရိုက် ဒါမှမဟုတ် Screenshot လုပ်ပြီး youtube မှာတင်ပေးမယ်ဆိုရင် မိမိနေရာကိုလာရောက်ကြည့်ရှု့အားပေးနေတဲ့ user
တွေအတွက် အချိန်မရွေး ပြန်လည်လေ့လာလို့ရတာပေါ့။

အခု့ ဒီဟာလေးကတော့ Youtube ကနောက်မှ တိုးလာတဲ့နည်းသစ်လေးပါ။နည်းသစ်ဆိုပေမယ့်ကြပါပြီ
ကျနော်ကတော့ သိတာ ၂ လလောက်ပဲရှိသေးတာပါ။ အဲ့ဒါကြောင့် မသိသေးတဲ့ သူငယ်ချင်းတွေလည်း
ဒါလေးတွေ့ပြီး ကိုယ်ပိုင်လုပ်နိုင်အောင် ပြန်လည်မျှဝေလိုက်တာပါ။ သိပြီးသားဆရာတွေကတော့ ကျော်သွားလိုက်ပါ။မသိသေးတဲ့ သူငယ်ချင်းတို့အတွက် ပြန်လည်မျှဝေတာပါ။

Photo တွေကို နောက်ခံသီချင်းလေးနဲ့ Slideshow လုပ်ဖို့အတွက် ဘာဆော့ဝဲမှမလိုပါဘူး လုပ်လို့ရပါတယ်
Youtube ထဲမှာတင်လုပ်မှာပါ။အဲ့ဒီအတွက် ကိုယ်ပိုင်စိကြိုက်သီချင်းတော့ ရွေးချယ်လို့မရပါဘူး။
ကိုယ်ပိုင်စိတ်ကြိုက် ရွေးချယ်လို့ရဖို့အတွက် တော့ ဒီလင့်မှာ သွားယူလိုက်ပါ ဆော့ဝဲသုံးပြီးလုပ်ရမှာပါ။
အခု့နည်းကတော့ Youtube ဖွင့်ဖို့အတွက် အင်တာနက် ရှိဖို့ပဲလိုအပ်ပါတယ်။အသုံးပြု့ပုံတွေကို
အောက်မှာ ပုံလေးတွေနဲ့ရှင်းပြထားပေးပါတယ် လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။


အပေါ်က ပုံအတိုင်း Youtube ကိုသွားလိုက်ပါ



1 ။ဓါတ်ပုံတွေတင်ဖို့အတွက် upload ကိုနှိပ်လိုက်ပါ။ 

2။ ညာဘက်ဘေးက Photo Slideshow ကိုနှိပ်လိုက်ပါ


အပေါ်က ပုံအတိုင်း ဘယ်ဘက်ဘေးက Upload Photo ကိုနှိပ်လိုက်ပါ။

အလယ်နေရာက Select Photo From Your Computer ကိုနှိပ်လိုက်ပါ


ဒီမှာတော့ မိမိ အသုံးပြု့မယ့် ပုံတွေကိုရွေးပေးလိုက်ပါ။

ရွေးပေးပြီးရင် open ကိုနှိပ်လိုက်ပါ


open ကိုနှိပ်လိုက်ပြီဆိုရင် youtube မှာ တင်နေပါပြီ

ဒီအဆင့်မှာတော့ သီချင်းတွေရွေးပေးရပါမယ်.မိမိဓါတ်ပုံရွေးထားတာပေါ် မူတည်ပြီး ကြာချိန်မီးနစ်တွက်

ပြီးရွေးလိုက်ပါ။ သီချင်းတွေလည်းအများကြီး ရှိပါတယ်။English သီချင်းတွေပဲ ဖြစ်ပါတယ်

စိတ်ကြိုက်သီချင်းရွေးပေးပြီးပြီးဆိုလျှင်တော့အောက်က Upload ဆိုတာကိုနှိပ်ပေးလိုက်ပါ


Upload ကိုနှိပ်လိုက်ပြီဆိုရင် Youtube Stream မှာတင်နေပြီဖြစ်ပါတယ်။

တင်ပြီးရင် ကျလာမယ့် လင့်ကိုလည်း အပြာရောင်လေးနဲ့ တခါတည်းပေးထားပါတယ်

တကယ်လို့ တင်ပြီးသွားရင် ပြထားတဲ့ အပြာရောင်လင့်ကနေပြီးတော့ မိမိ တင်ထားတဲ့ Slideshow 

ကိုပြန်ကြည့်လို့ရပါတယ်။

ဒီနေရာမှာအချိန်အားတယ်ဆိုရင်Title ဆိုတဲ့နေရာမှာမြန်မာ 
လိုရေးပြီး ခေါင်းစဉ်လှလှလေး ပေးလို့ရပါတယ်

Description နေရာမှာသွားပြီးတော့လည်း ဘာအတွက် ဒီ slideshow လုပ်ရတယ်ဆိုတာလေးကို အကျဉ်း

အားဖြင်ဖော်ပြပေးလို့ရပါတယ်။




Slideshow ကိုလုပ်ပြီးလို့ Youtube ကလည်း upload တင်ပြီးပြီဆိုရင်

 Video Manager နေရာမှာသွားပြီးတော့ စာသားလေးတွေ ရုပ်ပုံလှလှလေးတွေနဲ့ သွားရောက်

ပြုပြင်လို့၇ပါတယ်။ အဲ့ဒါကတော့ မိမိ ဥာဏ်စွမ်းရှိသလောက် ထပ်ထည့်လို့ရပါတယ် ခင်ဗျာ


ကိုလတ်(ကျွဲဆင်း)






facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..

No comments:

Post a Comment