Cloudwash လို့ခေါ်ပါတယ်။ စမတ်ဖုန်းတစ်လုံးလိုပဲ အ၀တ်လျှော်ခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လွယ်ကူစေတဲ့ စမတ် အ၀တ်လျှော်စက်ဖြစ်ပါတယ်။
အိမ်ရှင်မတွေကတော့
အကြိုက်တွေ့မယ် ထင်မိပါတယ်။ လက်နဲ့လျှော်ရတဲ့ ခေတ်က တစ်ဆင့်
စက်နဲ့လျှော်တဲ့ခေတ် ထိုမှ တစ်ဆင့် စမတ် အ၀တ်လျှော်စက်ကဲ့သို့
နည်းပညာမြင့်အိမ်သုံးပစ္စည်းတွေ ပေါ်ပေါက်လာတာဟာဖြင့်  ခေတ်ကြီးရဲ့
ပြောင်းလဲတိုးတက်မူနဲ့ နည်းပညာဏ္ဍရဲ့ တီထွင်ဆန်းသစ်မူတွေကြောင့် ဆိုရင်
မှားနိင်မယ်မထင်ပါဘူး။ စမတ် အ၀တ်လျှော်စက်မှာတော့ မိုင်းဘိုင်းဖုန်းကနေ
တစ်ဆင့် ထိန်းချုပ်နိင်တဲ့ app နဲ့ဖြစ်တာမို့ အပြင်ရောက်နေပြီး အ၀တ်တွေ
လျှော်တာပြီးလို့ အ၀တ်တွေ တွန့်ကျေတဲ့ အဆင့် မရောက်အောင် အဝေးကနေ
အင်တာနက်ကတစ်ဆင့် ထိန်းချုပ်နိင်မှာ ပဲ ဖြစ်ပါတယ်။
အချက်ပေး၊
သတိပေးမူတွေအပြင်၊ ကွန်ဒေးရှင်နာ နည်းသွားသလား ? ဆပ်ပြာမှုန့် နည်းသွားသလား
စတဲ့ အရာတွေကိုပါ လိုက်လံ ပြောကြားအသိပေးမှာ ဖြစ်တဲ့ အတွက်
အ၀တ်လျှော်ရာတွင် ကျွမ်းကျင်အဆင့်ရှိတဲ့ လူတစ်ယောက်အနေနဲ့ သင့်ကို
ကူညီပေးမှာ ဖြစ်ပါတယ်။ အမြန်လျှော်ခြင်း၊ အနှေးလျှော်ခြင်းစတဲ့ အချိန်ကို
adjust လုပ်နိင်ခြင်းနဲ့ ဆူညံမူမဖြစ်စေရန်function တွေလည်းပါဝင်ပါတယ်။
လျှော်လို့ပြီးခါနီးရင်လည်း သင့်ရဲ့ဖုန်းကို ဆက်သွယ်အသိပေးမှာ ဖြစ်ပြီး
စက်ထဲတွင် ဆပ်ပြာမှုန့်ကုန်နေလျှင်လည်း သင့်ရဲ့ ဖုန်းထဲမှာ အချက်ပေးပြီး
ဈေးဝယ်စာရင်းထဲကို ထည့်သွင်းနိင်မှာ ဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးပုံစံ တစ်ခု
ဖြစ်ပြီး လွယ်ကူးရိုးရှင်းတဲ့ setting တွေ ပါဝင်နေပါတယ်။ ဖုန်းကနေလည်း
ထိန်းချုပ် ကွန့်မန်းပေးနိင်မဲ့အပြင် manual တွေလည်း
လုပ်ဆောင်နိင်ပါသေးတယ်။
အင်တာနက်ကနေတစ်ဆင့် အခုလို့ အ၀တ်လျှော်စက်ကို
ထိန်းချုပ်နိင်တာဟာဆိုရင် စမတ် ဆိုတဲ့ ဝေါဟာရထဲမှာ တစ်စိတ်တစ်ပိုင်း
ပါဝင်ကာ ဖြစ်ပ်ါစေပါတယ်။ အပြင်မှာ ရောက်နေလို့ရှိရင်
အိမ်ကိုအမြန်ဆုံးပြန်လည်း ပြေးလာစရာမလိုတော့ပါဘူး ။ ဖုန်းပေါ်ကနေ အလွယ်တကူ
ထိန်းချုပ်နိင်တဲ့ စမတ် အ၀တ်လျှော်စက် ဖြစ်ပါတယ်။
Ref&Credit-Aung Heine
( www.smart.com.mm )
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။
No comments:
Post a Comment