Evernote ဆိုတဲ့အတိုင်းအလွယ်တစ်ကူပြောရရင်
Note လေးတွေ ရေးမှတ်ထားလို့ရတဲ့ Application လေးပဲဖြစ်ပါတယ်။ ဒီ
Application က Note ရေးလို့ရယုံတင်မဟုတ်ပဲ ဓာတ်ပုံတွေ၊ အသံတွေကို Record
လုပ်ပြီးလည်းသိမ်းနိုင်တယ်။ ထို့အပြင် Attached တွေကိုပါ
သိမ်းထားလို့ရပါတယ်။ ဒီလောက်တင်မဟုတ်သေးပဲ ဒီ Application က Internet
Online ရော Offline ရောပါအသုံးပြုနိုင်ပါတယ်။ အင်တာနက်မဖွင့်ခင် ရေးထားတဲ့
Notes တွေကို အင်တာနက်ဖွင့်ရင် Evernote ရဲ့ Website မှာ Auto save
ပြီးသိမ်းထားပေးပါတယ်။ Evernote အသုံးပြုချင်ရင် အကောင့်တော့ဖွင့်ရပါတယ်။
အကောင့်ဖွင့်တာလဲ Facebook Login ဝင်တာလောက်မခတ်ပါဘူး …
… ပိုမိုထူးခြားချက်က အကောင့်တစ်ခုဖွင့်ပြီး PC မှာလဲ Evernote
သုံးလို့ရသလို IOS မှာလဲသုံးလို့ရပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ PC က
Evernote မှာ Note တစ်ခုရေးတယ်ပေါ့ဗျာ … ဒါပေမဲ့ အပြင်သွားလို့ ကျန်ခဲ့တဲ့
PC ထဲက Evernote ထဲမှာ ရေးခဲ့တဲ့ အရေးကြီး မှတ်ထားတာတွေ ကြည့်ချင်တယ်ဆိုရင်
ဖုန်းမှာ Evernote သွင်းထားရင် ဝင်ကြည့်လိုက်တာနဲ့ PC ကရေးမှတ်ခဲ့တဲ့
Notes တွေအားလုံးကို မြင်နိုင်တဲ့အပြင် ပြန်လည်ပြင်ဆင်ချင်းများ၊ Notes
အသစ်များကိုလဲဖန်တီးနိုင်ပါတယ်။ ကျနော့်လို မေ့တက်တဲ့သူအတွက်တော့
တော်တော်အလုပ်ဖြစ်တယ်ဗျာ … အဲ့ဒါကြောင့် Evernote Application လေးကို
ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
အားလုံးပဲအဆင်ပြေနိုင်ပါစေ
www.winhlaing.org
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။


No comments:
Post a Comment