Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၁)





Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၁)


-ဇာတ်ကားထဲက Na'vi ဘာသာစကားကို ဘာသာစကားပညာရှင် Paul R.Froomer က အလုံးစုံ ဖန်တီးထားတာပါ။ ဒါရိုက်တာ James Cameron က လူသားဘာသာစကားနဲ့လည်း မတူရဘူး၊ သရုပ်ဆောင်တွေလည်း အလွယ်တကူအသံထွက်နိုင်မယ့် ဘာသာစကားမျိုး တီထွင်ပေးပါဆိုပြီး သူ့ကို ငှားရမ်းခဲ့တာပါ။ Froomer ဟာ စကားလုံးပေါင်း ၁၀၀၀ ခန့်ကို တီထွင်ခဲ့ရပါတယ်။






-သူ့ရဲ့တီထွင်နိုင်စွမ်းဟာ အင်မတန်လေးစားစရာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အင်တာဗျူးတစ်ခုမှာ မင်းသား Sam Worthington က Na'vi ဘာသာစကားဟာ သူ့အတွက် အမေရိကန်စကားထက်တောင် ပြောရတာ ပိုလွယ်နေပါတယ်တဲ့။



-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ရိုက်ကွင်းထဲမှာ စိတ်ဆတ်တဲ့လူတစ်ယောက်ပါ။ သူက သံရိုက်စက်ကို အမြဲဆောင်ထားပါတယ်။ ဇာတ်ကားရိုက်နေရင်း ဘယ်သူ့ဖုန်းပဲထမြည်မြည် လုဆွဲပြီး နံရံမှာ သံနဲ့ရိုက်လိုက်ပါတယ်။
-ဇာတ်ကားထဲက မင်းသား Jake ရဲ့ခြေထောက်ဟာ အပြင်က တကယ့်လူရဲ့ခြေထောက်ကို Digital နည်းပညာနဲ့ ကူးထည့်ထားတာဖြစ်ပါတယ်။ ရိုက်တဲ့အခါ မင်းသားကို Wheel Chair ပေါ်မှာ ဒီအတိုင်းထိုင်ခိုင်းပြီး Edit လုပ်တော့မှ ပြန်ဖျက်ထားတာဖြစ်ပါတယ်။
-ဇာတ်ကား Frame တစ်ခုစာ (တစ်စက္ကန့်ရဲ့ ၂၄ပုံ ၁ ပုံ)အတွက် CGI Effect ကို ၄၇ နာရီကြာ အချိန်ယူလုပ်ခဲ့ရပါတယ်။
-ဇာတ်ကားတစ်ခုလုံးရဲ့ ၄၀% ကိုသာ တကယ်ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၆၀% က CGI Effect တွေပါ။
-သရုပ်ဆောင်တွေ ဇာတ်ကားနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက သရုပ်ဆောင်အားလုံးကို ဟာဝိုင်အီကို ခေါ်သွားပါတယ်။ တောထဲမှာပဲနေ၊ တောင်တွေတက်၊ မီးပုံပွဲတွေလုပ်၊ ငါးတွေကင်စား၊ ရွက်ဖျင်တဲတွေထိုးပြီး နေကြပါတယ်။ အိပ်တဲ့တစ်ချိန်ပဲ ဟိုတယ်ပြန်အိပ်ကြရတာပါ။ မင်းသမီး Zoe Saldana ဆိုရင် အဲဒီခရီးစဉ်တစ်လျှောက်လုံး Warrior လိုသာ ဝတ်ဆင်ခဲ့ပါတယ်။
-စတူဒီယိုတွေက Jake Sully နေရာမှာ Matt Damon ၊ဒါမှမဟုတ် Jake Gyllenhaal ကို သရုပ်ဆောင်စေချင်ပါတယ်။ ဂျိမ်းစ်ကင်မရွန်းက Sam Worthington ကိုပဲ ရွေးခဲ့တာပါ။
-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက Jake Sully နေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို လူသစ်ထဲကပဲ ဖြစ်စေချင်ပါတယ်။ နို့မို့ဆိုရင် ပရိသတ်အပေါ်မှာ သူ့ဇာတ်ကားဟောင်းတွေက လွှမ်းမိုးမှုရှိနေနိုင်ပါတယ်။
-ဒီဇာတ်ကားဟာ ကုန်ကျစရိတ်အများဆုံး ဇတ်ကားပါပဲ။ ကုန်ကျမှုစရိတ် စုစုပေါင်း $280,000,000 (သန်း၂၈၀) ရှိပါတယ်။
-ဂျိမ်းစ်ကင်မရွန်းက ဇာတ်ကားကို ၁၉၉၉ မှာ အပြီးရိုက်ကူးချင်တာပါ။ ဒါပေမယ့် Effect ထည့်တဲ့နည်းပညာတွေက အဲသလောက်မကောင်းသေးတော့ တကယ်လုပ်မယ်ဆိုရင် အကုန်အကျအရမ်းများပါမယ်။ သန်း ၄၀၀ လောက်ကုန်ပါ့မယ်။ ဘယ်ကုမ္ပဏ္ဏီမှ အဲသလောက် မထုတ်ပေးနိုင်ပါဘူး။ (ဒီနေရာမှာ ကျွန်တော် ဂျိမ်းစ်ကင်မရွန်းရဲ့ ဇွဲကို ချီးကျူးပါတယ်။ လုံးဝလက်မလျှော့ပါဘူး။ နောက် ၁၀ နှစ်ကြာတဲ့အခါ သူရိုက်ပြနိုင်ခဲ့ပြီလေ။)
-သူရိုက်ချင်တဲ့ ဒီဇာတ်ကားကို CGI Effect နဲ့ ရိုက်လို့ရတယ်။ အကုန်အကျသက်သာမယ်ဆိုတာကို သူက Lord Of The Rings : The Two Towers ဇာတ်ကားကို ကြည့်နေရင်း သိသွားခဲ့ပါတယ်။ 
-ဂျိမ်းစ်ကင်မရွန်းက ဟိန္ဒူနတ်ဘုရားတွေဖြစ်တဲ့ သျှီဝ၊ ရာမ၊ ခရစ်ရှနာတို့ကို ကြည့်ပြီး Na'vi တွေကိုလည်း အပြာရောင်ခန္ဓာကိုယ်နဲ့ ဖန်တီးဖို့ အကြံရသွားခဲ့တာပါ။
အပိုင်း (၂) ဆက်လက်တင်ပြပေးပါ့မယ်...။

ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ  Movie Locos ကို အားပေးကြပါဦးခင်ဗျာ။

www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။


 

No comments:

Post a Comment