-ဇာတ်ကားထဲတွင်
Na'vi နှင့် Avatar ဟု နှစ်မျိုးသုံးနှုန်းထားပါတယ်။ Na'vi ဆိုသည်မှာ
ဂြိုဟ်ပေါ်တွင် နေနေသော လူမျိုးများကို ဆိုလိုခြင်းဖြစ်ပြီး Avatar
ဆိုတာကတော့ လူသားများက ဖန်ပေါင်းချောင်ထဲဝင်ကာ
ထိန်းချုပ်တဲ့အကောင်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ Na'vi
များ၏လက်နှင့်ခြေထောက်တွင် လက်ချောင်းလေးချောင်းစီနှင့်
ခြေချောင်းလေးချောင်းစီသာရှိပြီး Avatar များတွင် လူကဲ့သို့ ငါးချောင်းစီရှိပါတယ်။ Na'vi များမှာ Avatar ကဲ့သို့ မျက်ခုံးမရှိပါဘူး။
-ဟီဘရူးဘာသာစကားအရ Na'vi
ဆိုသောနာမည်သည် တမန်တော်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်နှင့် လူသားတို့ကို
ဆက်စပ်ပေးသောပုဂ္ဂိုလ်ဟု ဆိုလိုသည်။ (ကျွန်တော်တို့ဆီတွင် နတ်နှင့်လူကို
ဆက်စပ်ပေးသောပုဂ္ဂိုလ်ကို နတ်ကတော်ဟုခေါ်ကြသည်။ ထိုကားထဲတွင်လည်း မြန်မာအခေါ်
"နတ်ကတော်" တစ်ယောက် ပါပါသည်။)
-Avatar ဆိုသောစကားလုံးဟာ ဟိန္ဒူဘာသာအရ ဘုရားသခင်လို့ အဓိပ္ပာယ်ရပါတယ်။
-Na'vi လူမျိုးများနေရာမှ
သရုပ်ဆောင်မည့်သူများကို မျက်နှာပေါ်တွင် အမှုန်လေးများ
လိမ်းခြယ်ပေးလိုက်သည်။ ခေါင်းတွင် ကင်မရာတစ်ယောက်တစ်လုံးဆီ တပ်ပေးထားသည်။
ထို့ကြောင့် သူတို့၏မျက်နှာလှုပ်ရှားမှုများကို
အနီးကပ် မှတ်တမ်းတင်နိုင်သည်။ တစ်ဦးချင်းစီ၏ မျက်နှာပေါ်မှ အမှုန်လေးများ
လှုပ်ရှားပုံကိုကြည့်ပြီး CGI Effect ထည့်မည့်သူများက ထိုသရုပ်ဆောင်များကို
Na'vi လူမျိုးများအဖြစ် ပြောင်းလဲရာတွင် မျက်နှာအမူအရာကိုပါ လက်ရာမြောက်စွာ
ထည့်သွင်းထားနိုင်လေသည်။ (ထို့ကြောင့်သာ Na'vi လူမျိုးများ၏
ရင်တွင်းခံစားချက်ကို ကျွန်တော်တို့က သူတို့မျက်နှာကိုကြည့်ပြီး
သိရှိခံစားနိုင်ခြင်းဖြစ်သည်။ နို့မို့ဆိုလျှင်
မျက်နှာဖုံးစွပ်ထားသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ ဘာအမူအရာမှ
ကျွန်တော်တို့မသိနိုင်တော့ပါ။)
-ဇာတ်ကားထဲမှ တောတောင်သဘာဝအလှများမှာ တရုတ်နိုင်ငံမှ နာမည်ကျော် Huangshan တောင်ကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။
-Norm Spellman ရဲ့
ပထမဆုံးအကြိမ် Pandoraတောထဲသို့ သွားသော ခရီးစဉ်မှာ သူဟာ
ဦးထုပ်တစ်လုံးဆောင်းထားပါတယ်။ ဦးထုပ်ပေါ်မှာ မျက်မမြင်သင်္ကေတနဲ့ ရေးထားသော
စာတစ်ကြောင်းရှိပါတယ်။ အဓိပ္ပာယ်က ၁၉၆၉ ဟုဖြစ်ပြီး ဒါဟာ လူသားတွေ
လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် ခြေချနိုင်သော ခုနှစ်ကို ရည်ညွှန်းနေတာပါ။
-ဇာတ်ကားဖြန့်ချိသူ 20th Century Fox ဟာ Titanicဇာတ်ကားတုန်းကလို
ငွေကုန်ကြေးကြအများကြီးနဲ့ ရိုက်ကူးပြီး တော်တော်နဲ့ ငွေပြန်မပေါ်မှာ
အရမ်းစိုးရိမ်နေတဲ့အတွက် ဂျိမ်းစ်ကင်မရွန်းက အကယ်၍ Avatar သာ
မအောင်မြင်ခဲ့ရင် သူ့ရဲ့အနုပညာကြေးကို သူမယူပါဘူးလို့ ကတိပေးခဲ့ပါတယ်။
-ဇာတ်ကားထဲမှာ
လူသားနဲ့သစ်ပင်ဆက်နွယ်တာ၊ သစ်ပင်အချင်းချင်းဆက်နွယ်တာကို
အလေးထားပြောသွားပါတယ်။ ဒါစိတ်ကူးဟာ Isaac Asimov ရဲ့ 'Foundation's Edge'
ဆိုတဲ့ ဝတ္ထုကနေ ယူသုံးထားတာပါ။
-James Cameron ရိုက်တဲ့ဇာတ်ကားတွေထဲမှာ Nuclear လက်နက်မပါတာ ဒီကားရယ် တိုက်တန်းနစ်ရယ် နှစ်ကားပဲရှိပါတယ်။
အပိုင်း (၃) ဆက်လက်တင်ပြပေးပါ့မယ်...။
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။







No comments:
Post a Comment