Cuba နိုင်ငံ Havana မြို့ကနေထွက်ခွာလာခဲ့တဲ့ ရတနာတင်စပိန်ရေတပ်သင်္ဘောအုပ်စု
Aurelia တစ်စုလုံးဟာ ကမ်းမှခွာပြီး ၇ ရက်မြောက်တဲ့နေ့ ၁၇၁၅ ခုနှစ်
ဇူလိုင်လ ၃၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ
ဖလော်ရီဒါကမ်းခြေအနီးမှာ ဟာရီကိန်းမုန်တိုင်းတစ်ခုနဲ့တိုးပြီး
နစ်မြှုပ်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီနစ်မြှုပ်သွားတဲ့အထဲမှာ စပိန်ဘုရင်မကြီးရဲ့ ဘဏ္ဍာတော်ရတနာတွေကို
တင်ဆောင်လာတဲ့ အလံတင်သဘောင်္ The Capitana လည်း ပါပါတယ်။ ဘိသက်ပွဲကျင်းပပြီး
ထီးနန်းယူမယ့် စပိန်ဘုရင်မကြီးအတွက် အရှေ့တိုင်းကနေ
အထူးပြုလုပ်ထားတဲ့ ရွှေသရဖူကြီးအပါအဝင် တခြားသောရတနာသေတ္တာပေါင်း ၄၀
နစ်မြှုပ်သွားခဲ့ပါတယ်။
ရတနာသေတ္တာလို့ ပြောလိုက်လို့ ခပ်ညံ့ညံ့ရတနာတွေပါပဲလို့ မထင်လိုက်ပါနဲ့။
အိန္ဒိယစိန်၊ လက်သီးလုံးလောက်ရှိတဲ့ ကိုလံဘီယာမြ၊ မြန်မာပတ္တမြား စတဲ့
အနောက်တိုင်းမှာ တန်ဖိုးအကြီးမားဆုံးသော ရတနာတွေချည်းပဲ သယ်ဆောင်လာတာပါ။
သင်္ဘောမြှုပ်တဲ့နေရာကို ဘယ်သူ့မှမသိအောင် နှစ်ပေါင်းအတော်ကြာကြာ
ဖုံးကွယ်ထားခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဟိုတစ်စ
ဒီတစ်စနဲ့ ပေါင်းစပ်လို့ သင်္ဘောမြှုပ်တဲ့နေရာကို သိရှိခဲ့ကြပါတော့တယ်။
အဲဒီကတည်းက ရတနာသိုက်တူးသမားတို့က အလုအယက်ရှာဖွေခဲ့ကြပါတယ်။
အဲဒီအဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Fool's Gold ဆိုတဲ့
ဇာတ်ကားလေးပါ။ Finn ဆိုတဲ့ ရတနာလိုက်ရှာတဲ့သူတစ်ယောက်ရှိပါတယ်။ သူဟာ
တစ်နေ့ သူ့သူငယ်ချင်းဖြစ်သူ Alfonz နဲ့အတူ
စပိန်ရတနာတွေကို ရေငုပ်ရှာဖွေနေပါတယ်။ သမုဒ္ဒရာကြမ်းပြင်က ကျောက်တွေကို
ပိုက်နဲ့စုပ်နေတဲ့အချိန် ရေပေါ်က သူတို့လှေဟာ မီးစက်ကမီးပွားစင်ပြီး
မီးလောင်ပါတော့တယ်။ တစ်စီးလုံးကို
မီးလောင်ကျွမ်းသွားပြီး လှေဟာ ရေအောက်ကို မြှုပ်သွားပါတော့တယ်။
သူတို့နှစ်ယောက်ကတော့ လုံးလုံးမသိရှာပါဘူး။ ရေပေါ်ကို ပြန်တက်လာတဲ့အချိန်မှာ
သင်္ဘောမတွေ့ရတော့ နှစ်ဦးသား အံ့သြနေပါတယ်။ သင်္ဘောက သမုဒ္ဒရာကြမ်းပြင်ကို
အရှိန်နဲ့ဆောင့်ပြီး အဲဒီအရှိန်ကြောင့် သင်္ဘောထဲက
ပန်းကန်တွေကျိုးပဲ့လို့ ရေပေါ်ကို ပြန်ပေါ်လာပါတယ်။ တစ်ဝက်ကျိုးပဲ့နေတဲ့
ပန်းကန်ပြားကို ရေပေါ်ရောက်နေတဲ့ Finn က တွေ့သွားပါတယ်။
ပန်းကန်ပြားရဲ့အောက်ခြေမှာ တစ်စွန်းတစ်စပေါ်နေတဲ့ တံဆိပ်ကိုကြည့်ပြီး "ဟာ၊
ဒါစပိန်သင်္ဘောက ငွေပန်းကန်ပြားပဲ။ ငါတို့တော့ ရတနာသိုက်နဲ့ နီးစပ်နေပြီ"
ဆိုပြီး အပျော်ကြီးပျော်သွားရှာပါတယ်။
အဲဒီနောက် ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာ ဒီဇာတ်ကားမှာ ရှုစားကြပါဦး။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် အော်စကာဆုရှင် Matthew McConaughey က ပါဝင်သရုပ်ဆောင်ထားပြီး သူ့ဇနီးအဖြစ် Kate Hudson က
သရုပ်ဆောင်ထားပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဟဿ ရသ
အပြည့်အဝပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်ရင်း အားရပါးရ
ရယ်မောကြပါဦးလို့...။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကို အားပေးကြပါဦးခင်ဗျာ။
facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
No comments:
Post a Comment