Showing posts with label Android-CWM-recovery. Show all posts
Showing posts with label Android-CWM-recovery. Show all posts

asus zenfone 5 model T00J android 4.3 တွေကို cwm recovery ထည့်ကြည့်ရအောင်


asus zenfone 5  model T00J android 4.3 ကို CWM recovery ထည့်ကြည့်ရအောင်ဗျာ။ နည်းလမ်းလေးကတော့ရထားတာကြာပါပြီ စမ်းစရာဖုန်းမရှိတာကတစ်ကြောင်း ဖုန်းရလာပြန်တော့လဲ သူများဖုန်းပျက်မှာစိုးတာတစ်ကြောင်း နဲ့ မလုပ်ဖြစ်တာ ခုတော့ ဖုန်းပိုင်ရှင်ကလည်း ခွင့်ပြု လိုက်တာရယ် အောက်ကနေ မီးထိုးပေးမဲ့ ကိုဝင်းကမ္ဘာကျော် ရှိတာကြောင့် လုပ်ဖြစ်သွားတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။
ပထမဆုံး CWM recovery nstall လုပ်မဲ့ zenfone 5 မှာ root ရှိထားဖို့လိုပါတယ်။ root လုပ်ရတာလဲလွယ်ပါတယ်။ Apk လေးဖုန်းထဲ install လုပ်ပြီး root လိုက်ရုံပါပဲ root လုပ်နည်းလေးကိုတော့ ဒီနေရာလေး မှာသွားကြည့်ပြီးလုပ်လိုက်ပါ။ root လုပ်လို့ အစင်ပြေပြီဆိုရင် အောက်က zenfone_5_cwm_installer.rar
ဖိုင်လေးကို ယူလိုက်ပါ။ 
ပြီးရင် ဖုန်းထဲမှာ developer option ဖော်ဖို့အတွက် setting / About / Software infomation / Buld number နေရာလေးကို လေးငါးချက်လောက်တောက်လိုက်ရင် You are now a developer ဆိုတဲ့စာလေး ပေါ်လာပါလိမ့်မယ်။ developer option ထဲကိုဝင်ပြီး USB debugging ဘေးကအကွက်လေးထဲမှာ အမှန်ခြစ်ပေလိုက်ပါ။ ပြီးရင်
 ဖုန်းကို PC နဲ့ ချိတ်လိုက်ပါ။အောက်ကပုံမှာလို PC မှာ driver တွေ install လုပ်နေပါလိမ့်မယ်


download ဆွဲလို့ရလာတဲ့ rar ဖိုင်ထဲက Window Batch File လေးကို click နှစ်ချက်နှိပ်လိုက်ပါ။
 
 ဖုန်း reboot ကျပြီးပြန်တက်လာရင် Volume Down ခလုပ်ကို( တောက်တောက်တောက်တောက် ) လေးနှိပ်ပေထားပြီးခဏနေရင် CWM recovery လေးတက်လာပါပြီဗျာ ကဲပုံပြင်လေးကတော့ ဒါပါပဲ။
အစင်ပြေကြမယ်ထင်ပါတယ်။
ဒါလေးကကျွန်တော်စမ်းလို့ရထားတဲ့ video ပါ။
 
http://htwenaingwin.blogspot.com/