Showing posts with label ComputerTutorial. Show all posts
Showing posts with label ComputerTutorial. Show all posts

Google Play Store က Apk တွေကို ကွန်ပျူတာ မှ ဒေါင်းယူနည်း (10000% Working)


ဒီ Post လေးကို ကိုကျော် ရဲ့ဆိုဒ်ကနေပြီး ကူးယူမျှဝေပေးတာဖြစ်ပါတယ်ဗျာ။ ကျွန်တော်ပြည်တွင်းဆိုဒ်တွေ က ကူးယူမျှဝေတာရှားပါတယ်။ အတော်လေးကိုကောင်းမွန်ပြည့်စုံတဲ့ Post ဆိုရင်တော့ကူးယူမျှဝေပေးပါ တယ် အကြောင်းကတော့ မူရင်း Post ပိုင်ရှင်ရဲ့ အရည်အချင်းနဲ့ စေတနာကို Credit ပေးတဲ့သဘောနဲ့ပါ။ ကဲဗျာ ကျွန်တော်လေကြောတွေရှည်မနေတော့ပါဘူး အောက်မှာ ကိုကျော်ကပုံနဲ့တကွအသေးစိတ် ရှင်းပြပေး ထားပါတယ်။လေ့လာကြည့်ပါဦးနော်။
Google Play Store က Apk တွေကို ကွန်ပျူတာကနေ ဘယ်လိုဒေါင်းယူရလဲ ခဏခဏ မေးနေကြလို့  သိပ်အလုပ်မရှုတ်စေတဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ် ကိုယ်တိုင် စမ်းသပ်ပြီးသားပါ...။
အရင်ဆုံး  ဒီ Download Real APK Leecher ကို ဒေါင်းယူပါ...
Zip ဖိုင်လ်ကိုဖြည်လိုက်ပါ...


ပုံပါအတိုင်း Real APK Leecher ကို Double Click နဲ့ Run လိုက်ပါ....

 

နံပါတ် (1) Google Play Store မှာ မိမိသုံးတဲ့ Gmail / Password နဲ့ Device ID ကို မှန်အောင် ရေးထည့်ပါ...။
 နံပါတ် (2)  မှာ မိမိဒေါင်းယူလိုက်တဲ့ APK တွေကို သိမ်းထားပေးမဲ့ နေရာကို ရွေးပေးလိုက်ပါ..။

Device ID မသိရင် မိမိ Android ဖုန်းကနေ *#*#8255#*#*  ကို ရိုက်ပြီး ရှာပါ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။

အဆင်မပြေရင် ဒီ Download ID.Apk လေးကို ဒေါင်းယူပြီး မိမိ ဖုန်းမှာ Install ပြီး Run လိုက်ပါ ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။ အပေါ်က ပုံနဲ့ အတူတူပါပဲ...။
အားလုံး မှန်ကန်စွာ ရေးထည့်ပြီးပြီဆိုရင်တော့ အောက်နားလေးက Save ကို နှိပ်ပြီး သိမ်းလိုက်ပါ...။ Real APK Leecher ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်..



 အပေါ်ကပုံအတိုင်း Error Massage လေး တတ်လာမှာပါ ... OK နှိပ်လိုက်ပါ... ဘာမှ မဖြစ်ပါဘူး ...


 မိမိ လိုချင်တဲ့ APP ကို ရေးပြီး Enter ခေါက်ပြီး ရှာလိုက်ပါ...။


လိုချင်တာ တွေ့ပြီဆိုရင် Select မှတ်ပြီး Right Click နဲ့ Download this app ကို နှိပ်ပါ....


App  နာမည်ကို ပြင်ရေးချင်ရင်လည်း ရေးလို့ရပါတယ် ပြီးရင် Save ကို နှိပ်ပါ.......


ပုံပါအတိုင်း Download လုပ်နေပါပြီ... 100% ပြီးရင် မိမိ သိမ်းထားတဲ့နေရာမှာ ရောက်နေပါပြီ...

အားလုံးအဆင်ပြေကြပါစေ...

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်


www.winkabarkyaw.net


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

facebook ရဲ့  photo lock ကျနေသူများအတွက်ဖြေရှင်းနည်း


facebook photo lock ပြုတ်ပါပြီ.......facebook မှာ သူငယ်ချင်း တွေရဲ့  photo တွေကို ပြပြီး security ကျော် နေတာမအောင်မြင်တဲ့ သူများအတွက်ပါ......ကျနော့် ရဲ့  lock ကျသွားတဲ့ အကောင့် လေးကို ပြန်လည်ယူပြီးစမ်းသပ်ပြထားပါတယ် 100 % အဆင်ပြေပါတယ်။
ဘယ်လိုအဆင်ပြေသွားတယ်ဆိုတာအောက်မှာ video file လေးပါတွဲတင်ပေးထားပါတယ်။
ကြိုးစားကြည့် ချင်တယ်ဆိုရင်တော့  အောက်မှာ ဆက်လက် ရှူ့ စားပေးပါခင်ဗျာ။
မှတ်ချက် 
==============
ဒီနည်းလမ်းကို သုံးမယ်ဆိုရင်တော့  မိမိတို့  facebook ဖွင့် ခါစက birthday date ကိုမှတ်မိမှအဆင်ပြေပါမယ်။
အရင်ဆုံး facebook ကို ထုံးစံအတိုင်း sin in ဝင်လိုက်ပါ။
your account is tempoary locked ဆိုတဲ့ နေရာမှာ continue ကိုနိုပ်ပေးပါ။
အောက်မှာပြထားတဲ့ သင်္ချာကဏန်းတွေနှင့်  စာတွေကို အကြီးအသေးသေသေချာချာရိုက်ထည့် ပေးပါ။

 ဒီနေရာမှာ အပေါ်က မိမိရဲ့ မွေးနေ့ ကိုထည့် ဖို့ အတွက် provie  your indentity ကို ရွေးပြီး continue ကိုနိုပ်ပါ။





 မိမိ facebook ဖွင့် စဉ်အခါက မွေးနေ့ သက္ကရာဇ် ကိုမှန်ကန်အောင်ဖြည့် ပေးပါ။ပြီးရင် continue နိုပ်ပါ။




 ဒီနေရာမှာ မိမိအကောင့် ကို နောက်ဆုံး login ဝင်ရောက်ဖို့ ကြိုးစားခဲ့ တဲ့ ....မှတ်တမ်းလေးကိုနေရာနှင့် တစ်ကွ အတိအကျဖော်ပြပေးလာပါလိမ့် မယ်....
မှန်ကန်ပါက this was me ကိုနိုပ်ပါ။



ဒီအဆင့် မှာတော့ အပေါ်က this was me ဆိုတာလေးကိုနိုပ်ပြီးတာနှင့် မိတ်ဆွေတို့ အကောင့် ကို ပြန်လည်ရယူနိုင်ပါပြီ။ အောက်မှာ video file လေးကိုဖော်ပြပေးထားပါတယ်။
video file လေးကို youtube မှာကြည့် မယ်ဆိုရင် ဒီမှာ သွားကြည့် ပေးပါ။
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးထားပါ။
စိုင်းသူ

www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

မိမိ Email အကောင့်ထဲသို့ ပို့သည် Facebook မှ Notifications များကိုပိတ်ခြင်း


Facebook ကနေ ကျနော်တိုအသုံးပြုတဲ့ Email ထဲသို သူငယ်ချင်းတွေက Comment ပေးတာတိုဘာဆိုရင်အသိပေးတဲ့အနေနဲ့ Mail တွေပို့ပါတယ်။အဲ့လိုပိုတဲ့အခါမှာ ကျနော်တို Email Account ထဲမှာ Email တွေက ထောင်ကျော်လာပါတယ်။အရေးကြီးတဲ့ Email တွေကို ရှာဖိုခက်ခဲလာပါတယ်။Facebook ကနေ အဲ့လိုမျိုးမပိုအောင် လုပ်ဆောင်လိုရပါတယ်။အရင်ဆုံး
Facebook အကောင့်ထဲကAccount  Setting ထဲကိုသွားလိုက်ပါ။။


 နောက် ထပ်ဆက်သွားလိုက်ပါ အောက်ကပုံအတိုင်းပေါ့
Account Setting ထဲက Notifications ထဲက Email မှာ နောက်က Edit လေးကနေ
Only notifications about your account, security and privacy

ကိုရွေးပေးလိုက်ပါ။ဒီလိုဆို ကျနော်တို Email ထဲကို Facebook က လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကြောင်းကြားစာတွေပဲပိုတော့မှာဖြစ်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Facebook Photo Lock ကျခြင်းကိုဖြေရှင်းနည်း


ကျနော်ရဲ့ သူငယ်ချင်းအချို့ Facebook မှာ lock ကျသွားတဲ့အခါ phone နံပါတ်တွေတောင်း

ဓါတ်ပုံတွေ ပြပြီးမေးတာ တွေ့ဖူးကြမှာပါ။အဲ့ဒီ ပြဿ     နာကလည်း အင်တာနက် လိုင်းမကောင်းတဲ့

မြန်မာပြည်မှာပဲ ဖြစ်နေတာပါ။အခြားနိုင်ငံတွေမှာလည်း မဖြစ်ဖူးလား ဆိုတော့ ရှိပါတယ်။

ကလိလွန်းတဲ့ facebook တွေလောက်ပဲ ဖြစ်တာပါ။ဖြစ်တာအင်မတန်နည်းပါတယ်။

ဒီလိုအခက်အခဲတွေကို မြန်မာပြည်သား တက်သိနားလည်တဲ့ အိုင်တီဝါသနာရှင်တွေက တယောက်တမျိုး နဲ့

ဖြေရှင်းပေးနေကြပါတယ်။ အခု့ Facebook မှာ LOCK ကျပြီး ဓါတ်ပုံ မေးတဲ့ ပြဿ     နာကို

ကိုဟိန်းကျော်စွာထွန်းက သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းပေးထားတာ လေးကို 
ကျနော် ပြန်လည် မျှဝေလိုက်ပါတယ်



ဒီပို့စ်ကို ရေးသားပြီး PDF အဖြစ်ထုတ်သူ ကိုဟိန်းကျော်စွာထွန်း

ကို အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျာ

DOWNLOAD

ကိုလတ်(ကျွဲဆင်း)

www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်မယ်





FaceBook အကောင်. ကို Browser မသုံးပဲ ID နဲ. ဖောက်မယ်.....

(မသိသေးတဲ.သူငယ်ချင်းတွေအတွက်ပါ)

ကျွန်တော်လုပ်တာတော. 100% ရပါတယ်

ဖုန်းနံပတ်လည်းမတောင်းပါဘူး

အကောင်.တစ်ခုပြီးတစ်ခုဖောက်လို.လည်းရပါတယ်

Gmail အကောင်.မရှိလည်းဖောက်လို.ရပါတယ်

လိုအပ်တာကတော.........

Phone setting >>Manange Application>>Facebook

ကို ( clear data ) လုပ်ရပါမယ်

နော်တစ်ခုကတော. မိမိဖုန်းမှာ Browser နှစ်ခုရှိထားရပါမယ်

Send code တောင်းတဲ.အခါမှာ မိမိ Mail ထဲမှ Code နံပက်ကို

ရိုက်ထည်.ပေးရပါမယ်

Mail ထဲမှာ တိုက်ရိုက် ပြုလုပ်လို.မရပါ

အောက်မှာ ပုံနဲ.တကွ ရှင်းပြပေးထားပါတယ်
















အဆင်မပြေရင် comment ပေးခဲ.ပါ

အဆင်ပြေခဲ.ရင်တော. Share လုပ်ပေးခြင်းဖြင်.ကူညီပါ

ဖြန်.ဝေပေးပါ ကိုလိုအခက်ခဲရှိတဲ.သူတွေကိုစာနာပေးပါ

MMUG က အကိုဆရာတွေအားလုံးကို ကျေးဇူုးအထူးတင်ပါသည်

Credit to Soe Yeyint

မြန်မာပြည်သား/ သူ တွေ ကိုယ်စား ကျေးဇူးတင်ပါတယ် Soe Yeyint

ကိုလတ်(ကျွဲဆင်း)
www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၁)


မဂ်လာပါနော်သည်နေ့ ရေးမဲ့ နည်းပညာလေးကတော့  ကွန်ပျူဆာ ဆားဗစ် ဆရာတွေအတွက် ရီစရာဖြစ်ကောင်းဖြစ်နေမှာပါ  ဒါပေမယ့် ကျွန်တော်လို မလည်မ၀ယ်...ယောင်ဝါး ပညာသင်ဘ၀လေးတွေအတွက်  နည်းလမ်းလေးတစ်ခု တိုးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်  သိသူ ကျော်သွားး မသိသူဖေါ်စားပေါ့နော်..ေိေိ
ဘာလဲဆိုတော့ မိမိတို့ကွန်ပျူတာကို  လုပ်ဆောင်သင့်တဲ့အချက်အလက်လေးတွေ များစွာထဲက  တစ်ခု
လို့ဆိုကြပါစို့... အထူးသဖြင့် ၀င်းဒိုးတင်ပြီးစ စက်များအား  မဖြစ်မနေ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်... နောက် လိုအပ်ချက်လေးတွေကို  နံပါတ်စဉ်လိုက်  တင်ပေးသွားပါ့မယ်... ဒါကတော့
နံပါတ် (၁) အနေနဲ့ပေါ့နော်...
အဆင့် (၁)  အနေနဲ့ကတော့...............
ကဲစမယ်ဗျာ..... ပထမဆုံး  မိမိတို့  ကွန်ပျူတာ Start  ကနေ ဖြစ်ဖြစ်   Win + R ကိုဘဲ တွဲကလစ်လစ်
run box ကိုခေါ်လိုက်ပါနော်.. အဲကျလာတဲ့ ဘောက်ထဲမှာ regedit  ဆိုတာလေးထည့် enter (သို့)
ok  ပေးလိုက်ပါနော်..အောက်မှာပုံလေးတိုင်းပေါ့.....။
အိုကေ  အဲလို ခေါ်လိုက်တာနဲ့  regedit ဆိုတဲ့ ဇယားကြီးတစ်ခုကျလာမှာ ဖြစ်ပါတယ်...ကြည့်လိုက်ပါ
 အတိုခေါက်အနေနဲ့  ( HKCU/Control Panel/Desktop  ) ပါ...
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-CURRENT-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့ 
Contro Panel  နောက် ထပ် Desktop ဆိုပြီး တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့်  (၂)  အနေနဲ့ကတော့...အောက်မှာ ဆက်ကြည့်ပါ.. သည်နေရာကဘဲ  ပြန်စမှာဖြစ်ပါတယ်..
                regedit ဇယားကြီးကို မဖျက်လိုက်ပါနဲကနော်..အဲထဲကဘဲဆက်သွားမယ်....
 အတိုခေါက်အနေနဲ့ကတော့   ( HKLM/SYSTEM/CurrentControlSet/Control )  ပါ။။။
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-LOCAL-MACHINE  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
Syatem  နောက် ထပ် CurrentControlSet  နောက် Control ရဲ့ ညာဘက်ခြမ်းမှာရှိသော”Wait
toKill Services TimeOut”ကလစ်ပေးလိုက်ပါ ( နှစ်ချက်ကလစ်ပါ)
  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 50 )..ငါးဆယ်  ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
အဆင့်   (၃)  အနေနဲ့ကတော့  ဆက်လက်ကြည့်လိုက်ပါနော်...
အတိုခေါက်အနေနဲ့ကတော့    ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....

HKEY-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
S-1-5-19 နောက် ထပ် Control Panel အဲနောက် Desktop   တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်
မှတ်ချက်...........
အပေါ်ကပြထားတဲ့အတိုင်း  HKEY-USER/S-1-5-19/Control Panel/Desktop  ကိုလုပ်ခဲ့သည်လိုဘဲ...
S-1-5-19  ရဲ့အောက်မှာကျန်နေသေးတဲ့  S-1-5-20  ကိုလည်းပဲ  အလားဆူ လုပ်ဆောင်ပေးလိုက်ပါ
ကဲ ဗျာ...ပီးသွားရင်တော့ Registry ထဲမှာ အနည်းငယ်လုပ်ပီးသွားပြီလို့ ဆိုရမယ်ဗျာ..…ကျွန်တော်တို့Window7မှာတော့ Registry
ပိုင်းကို အများကြီးလိုက်ပြင်ပေးစရာမလိုပါဘူး အကယ်လို့ သင်ဟာ WindowXP User ဆိုရင်တော့ တော်တော်လေး များမယ်ထင်တယ်..နော်...
ဆက်လက်လေ့လာရန်
============
 ဆက်လက်ရေးသွားပါ့မယ်..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ
www.ledimye.blogspot.com
www.aungsanmks.com
www.ninilayy.blogspot.com
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Facebook မှာ မိမိ Like ထားတဲ့ Page တွေကို အခြားသူတွေ မမြင်စေချင်ရင်

ငါက 18+ Page ကြီး Like လို့အဆင်မပြေဘူးလေ ငါ့ကိုသူများတွေ
သိကုန်မှာပေါ့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးပါ ။
ဖုန်းသမားတွေဆိုလည်း ကွန်ပျူတာနဲ့ သာသုံးပြီးလုပ်လိုက်ပါ ။ ကွန်ပျူတာ
နဲ့ နည်းလမ်းလေး တင်ဆက်ပေးပါ့မယ် ။
အရင်ဆုံး မိမိ ဘယ် page တွေ Like ထားလဲ သိရအောင်
https://www.facebook.com/me/likes ကိုသွားလိုက်ပါ ဒါဆို Like ထားသမျှ Page တွေကို အမျိုးအစားလိုက် ဖော်ပြပေးနေပါလိမ့်မယ်
မပူပါနဲ့ အဲညာဘက်က ခဲတံပုံလေးတွေ့လား ထောက်လိုက်ရင် manage ဆိုပြီး စာသားလေးပေါ်လိမ့်မယ်လေ ကဲ အဲဒီ ခဲတံလေးကိုနှိပ်ပြီးတော့
Edit privacy ကိုနှိပ်လိုက်ပါ အဲဒါပြီးရင်တော့ အခုလို box လေးတစ်ခု ထပ်ကျပါလိမ့်မယ် ကျွန်တော်ပုံမှာ ပြထားတဲ့အတိုင်းပဲ မပြစေချင်တဲ့
Section တွေကို only me ထားသော့ခတ်လိုက်ပေါ့ ကျွန်တော်ကတော့ အားလုံးကို သော့ခတ်ထားတယ် ပြီးရော ... အဆင်ပြေကြပါစေဗျာ





Credit to : မောင်ဘဲဥ
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

မောက်စ်တစ်ခု ကီးဘုတ်တစ်ခု တည်းနဲ့ ကွန်ပျူတာများစွာကို ချိတ်ဆက်အသုံးပြုနည်း

ကျွန်တော်တို့ ကွန်ပျူတာ တစ်လုံးစီမှာ mouse နဲ့ Keyboard ကိုယ်စီရှိကြပါတယ်..ခု ဒီပို့စ်မှာတော့ ကွန်ပျုတာ တစ်လုံးမက များစွာကို mouse တစ်လုံး keyboard တစ်ခုနဲ့ပဲအားလုံးချိတ်ဆက်သုံးပြုလို့ရမယ့်နည်းလမ်းကို တင်ပြမှာဖြစ်ပါတယ်။သင့်ကွန်ပျုတာ တစ်လုံးမှာ မောက်စ် နဲ့ကီးဘုတ်ရှိရုံနဲ့ အခြား ကွန်ပျူတာတွေမှာပါ ချိတ်ဆက်ခြင်းမရှိပဲ သုံးနိုင်မှာဖြစ်ပါတယ်။မောက်စ် တစ်ခု ကီးဘုတ်တစ်ခုနဲ့ ကွန်ပျူတာ အလုံးများစွာကို ထိန်းချုပ်မှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ဖို့ကို ကျွန်တော်တို့ Synergy ကိုသုံးမှာဖြစ်ပါတယ်။
 

ှSynergy ဆိုတာ.


Synergy ဆိုတာဟာ ဆိုဒ်အသေးလေးနဲ့ စွမ်းအားကြီးမားတဲ့ Tool တစ်ခုဆိုရင်မှားမယ်မထင်ပါဘူး။ဒီကောင်ကပဲ မောက်စ်တစ်လုံးကီးဘုတ်တစ်ခုနဲ့ ကွန်ပျူတာများစွာကိုထိန်းချုပ်သုံးနိုင်မှာဖြစ်ပါတယ်။Synergy ရဲ့ Interface အသွင်အပြင်ဟာ ရိုးရှင်းပြီးတော့ သုံးရလွယ်ကူပါတယ်။Synergy ဟာ လက်ရှိလူသုံးများတဲ့ OS တွေကို ထောက်ပံ့ပေးထားပါတယ်..Linux,Windows and MAC Os,(Under development for Mac OS X Mavericks) တို့လိုပေါ့။ ..ပြီးတော့ 32 bit / 64bit နှစ်ခုလုံးမှာအဆင်ပြေတာကိုတွေ့ရပါတယ်။


Synergy ရဲ့ လုပ်ဆောင်မှု


-ကွန်ပျုတာ တွေကြားထဲမှာရှိတဲ့ encryption of informationတွေကို ထောက်ပံ့ပေးပါတယ်(ဒါက နက်ဝပ်ပေါ်ရှိနေတဲ့သင့်အချက်အလက်တွေကို ကာကွယ်ပေးပါတယ်..တချို့က လက်ဆော့တတ်ကြတယ်လေ :D)
-သင့်သုံးလိုတဲ့ကွန်ပျုတာပေါ်ကို မောက်နဲ့ကီးဘုတ်ကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။ ဖြုတ်ပြီး သွားတပ်တာကိုဆိုလိုတာမဟုတ်ပါဘူး ကိုယ်ထိုင်နေတဲ့နေရာကပဲ တစ်ဖက်ကွန်ပျူတာကို ထိုင်ရာမထ ထိန်းချုပ်တာပါ
-ဖိုင်တစ်ခုကို ကော်ပီလုပ်လိုက်တာနဲ့  ကျန်တဲ့ ကွန်ပျူတာအားလုံး မည်သည့်နေရာမှာဖြစ်စေ Paste လုပ်နိုင်ပါတယ်။
-Window နဲ့ MAC မှာ Drag and Drop feature ကိုထောက်ပံ့ပေးပါတယ်
-သင့်ကွန်ပျူတာတွေကြားမှာဆက်သွယ်ဖို့ local network connection တည်ဆောက်ပါမယ်။
-သင်ဒါကိုမသုံးခင် သင်သုံးမယ့်ကွန်ပျူတာအားလုံးဟာ တူညီတဲ့နပ်ဝပ်တစ်ခုပေါ်မှာရှိနေစေရပါမယ်

ကဲ... စတင်ကြည့်ရအောင်..

Server System


ဒီနေရာမှာ Server System က သင့်ရဲ့  မောက်စ်နဲ့ကီးဘုတ်တပ်ဆင်ထားတဲ့ အဓိက ကွန်ပျူတာ ကိုဆိုလိုတာပါ။

Client System:

 client system ကတော့ မောက်စ် ကီးဘုတ်တပ်ဆင်မထားတဲ့ အခြားကွန်ပျူတာ တွေပေါ့။ အဲဒီတော့ Server computer ကနေ Client ကွန်ပျူတာတွေကို မောက်စ် နဲ့ ကီးဘုတ်သုံးနိုင်မှာဖြစ်ပါတယ်။

Synergy ကို သင့်ကွန်ပျူတာမှာ Installing-Configuring   ပြုလုပ်ခြင်း


ပထမဆုံအနေနဲ့  သင့် OS နဲ့ကိုက်ညီမယ့်  Synergy software ကို ဒေါင်းလုပ်ဆွဲရပါမယ်။
သင့်က ၀င်းဒိုးသုံးတာဆို  http://synergy-foss.org/download/?list ပေါ့
သင်က  Linux or MAC OS  ဆိုရင် http://synergy-foss.org/download/?list ပေါ့..သွားရောက်ကြည့်ပါ။OFfical link တွေဖြစ်ပါတယ်။
သတိပြုရန်- Synegy ကို သင့်ရဲ့ Server computer(ကီးဘုတ် ။မောက်စ် တပ်ထားတဲ့ကွန်ပျူတာ) မှာ Install ရမှာဖြစ်ပါတယ်။

Configuring the server system:


ဒေါင်းလုပ်ဆွဲပြီးရင် install လုပ်ပါ။ပြီးးရင် Run လိုက်ပါ။ 'ဒါဆိုရင်သင်က Server / Client ရွေးပေးရပါမယ်..
Configure server ကို ကလစ်ပေးပါ။ဒါဆိုရင် server configuration ၀င်းဒိုးတစ်ခုပွင့်လာပါမယ်။



ပုံမှာဆိုရင် Linux-mint က ကျွန်တော့်ရဲ့  ဆာဗာ ဖြစ်ပြီး  Win7 ကတော့ Client ဖြစ်ပါတယ်။ Client ကတော့ တစ်လုံးထက်မကရှိနိုင်ပါတယ်။
advanced settings မှာလည်း မိမိစိတ်ကြိုက် ၀င်ကြည့်နိုင်ပါသေးတယ်။ကျွန်တော်ကတော့ Save/OK ကို ပဲနှိပ်လိုက်ပါတယ်..ပြီးရင် သင့်ဆာဗာကွန်ပျူတာရဲ့ IP address ကို မှတ်သားထားလိုက်ပါ။ note pad မှာရေးမှတ်ထားလိုက်ပါ။

Configuring the client computer:


client computerတွေက မောက်စ်ကီးဘုတ်မရှိတဲ့ ကွန်ပျူတာတွေပေါ့။ အဲ..Client တွေပေါ်မှာလည်း Synergy ကို install လုပ်ရမှာဖြစ်ပါတယ်။ပြီးရင် Run ပါ ။ဒီတစ်ခါ Client ကိုရွေးပေးရုံပဲဖြစ်ပါတယ်။



ပုံမှာပြထားတဲ့အဆင့်ကိုရောက်ပြီဆိုရင် စောစောကမှတ်ထားတှဲ့ဆာဗာကွန်ပျူတာရဲ့ IP address ကို Server IP အကွက်ထဲမှာထည့်လိုက်ပြီးတော့ Apply ကိုနှိပ်ပေးပါ။

ပြီးရင် Sharing ကိုစတင်ဖို့အတွက် ...ဆာဗာကွန်ပျူတာမှာ Start ကိုနှိပ်ပါ။ Client ကွန်ပျူတာမှာလည်း Start ကိုနှိပ်လိုက်ပါ။
ခဏလောက်စောင့်လိုက်ပါ။ဒါဆိုရင်တော့ သင့် ဆာဗာကွန်ပျူတာက ကီးဘုတ် နဲ့မောက်စ်တစ်ခု စီကို အခြား ကွန်ပျူတာတွေကို မျှဝေလိုက်ပါပြီ။ ကိုကြိုက်တဲ့ Client ကွန်ပျူကာကိုရွေးပြီးတော့ လှမ်းပြီး မောက်စ် ကီးဘုတ်နဲ့ စေခိုင်းနိုင်ပါပြီ။ဆော့ဝဲဗားရှင်းပေါ်မူတည်ပြီး နေရာအထားအသိုလေးတွေ လွဲကောင်းလွဲနိုင်ပါတယ်။ဒါပေမယ့် သဘောတရားအတူတူမို့ အားလုံးနားလည်ပါလိမ့်မယ်။ဟုတ်ကဲ့ ...ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Ref  : Han Wai Linn(www.sayyoethe.blogspot.com)
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက်



windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက်
====================================

windows 8 & 8.1 တွေမှာ

အဖြစ်များဆုံးပြသနာပါ......ဖြေရှင်းနည်းလေးကတော့ ..........

အဆင့်  ( ၁) ....control panel > network and shareing centre

>မိမိရဲ့ wifi > ကိုကလစ်ပြီး properties ကနေ>configure > power and

mangement ကိုသွားပြီးအမှန်ခြစ်ကလေးကိုဖြုတ်ထုတ်ပေးပါ။။။။။။။။။။။။

အဆင့် ( ၂ ) windows search bar ကနေ cmd ကို run as

administrator နဲ့  run ပြီး အောက်ပါတို့ ကိုရိုက်ထည့် ပေးပါ။။။။။

netsh int ip reset c:\resetlog.txt ကို ရိုက်ထည့် ပေးပြီး

entre ခေါက်ပါ.....

ipconfig /all ပြီးရင် entre နိုပ်ပါ။


ipconfig /release ပြီးရင် entre နိုပ်ပါ။

ipconfig /renew ပြီးရင် entre နိုပ်ပါ။။။။။။။။။။။။

အားလုံးပြီးစီးသွားပြီဆိုလျင်.......restart ချပေးလိုက်ပါ.....100 %

အိုကေပါ.....
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like
လုပ်ထားပေးပါ။
စိုင်းသူ
www.myanmartechit.blogspot.com
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။