Saturday, February 22, 2014
Myanmar IT Helper

Viber Animated Message သည် Android ရော IOS အတွက်ရော ရယူလို့ရပါတယ်။ Viber
animated message ဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။
Viber ကို update လုပ်ပေမဲ့ new version မှာဘာလို့ Animated Message
မပါဘာတာလဲ ? ဆိုတာလေးကိုပြောပြချင်တာပါ။ အမှန်တစ်ကယ်တော့ Viber New Version
4.2.1 မှာ Animated Message ဆိုတဲ့ Feature မပါဝင်ပါဘူး။ Viber က သပ်သပ်
Zoobe – 3D animated messages သပ်သပ်ပါ။ Viber သွင်းထားပြီးသား ဖုန်းမှာ
Zoobe – 3D Animated Message Application ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့်
Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။ Zoobe – 3D Animated
Message Application ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး တခြား Tango,
Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application
တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ Viber မှာတော့ သူက icon
တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။
Zoobe – 3D Animated Message Application ဟာ google play storeမှာ
အခမဲ့ရယူနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ လူကြိုက်အများဆုံး စာရင်းမှာ 5
stars ပေးခြင်းကိုခံခဲ့ရပါတယ်။ Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ
Zoobe Application တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး
သိမ်းဆည်းထားနိုင်ပါတယ်။
ပြုလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် …
Requirements
Viber Animated Message ဖြစ်ဖို့အတွက် Viber version 4.2.1 ရှိနေရပါမယ်။
မရှိရင် ဒီမှာဒေါင်းပါ …
Zoobe – 3D Animated Message Application လဲရှိနေရပါမယ်။
မရှိရင် ဒီမှာဒေါင်းပါ …
ကျနော် MMUG မှာ သူများတွေကို Animated Message ဖြန့်ဝေ ပေးခဲ့တယ်ဆိုတာက
ကျနော့်မှာ Zoobe Application ရှိနေပြီး တစ်ဖက်လူမှာ Zoobe Application
မရှိလို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်း..
အောက်ကလင့်မှာ PDF ဖိုင်ဒေါင်းပြီး လုပ်နည်းအသေးစိပ်ကို ဖတ်ကြည့်ကာ ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်..
>>Download PDF << / >> Download PDF 2 <<
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.myanmartechit.blogspot.com
(အခြေခံနည်းပညာများပြန်လည်မျှဝေခြင်း)
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။