Showing posts with label Movie. Show all posts
Showing posts with label Movie. Show all posts

Steve Jobs ဘ၀ ဖြတ်သန်းမှု ဇာတ်လမ်း....


နာမည်ကျော် ဘီလျံနာသဌေး ပန်းသီးရဲ့ဖခင် စတိဗ်ဂျော့ဘ်စ် ရဲ့ ဘ၀ဖြတ်သန်းမှု အကြောင်း ဇာတ်လမ်းအဖြစ် ပြောင်းလဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ...။ စိတ်ဝင်စားစရာကောင်းပါတယ်...
ကြည့်ချင်သည့်သူများ အောက်မှာ ဒေါင်းပြီးကြည့်နိုင်ပါတယ်ခင်ဗျ...။ ဒါရိုက်လင့်ဖြင့် တင်ပေးထားပါတယ်။
ဒါရိုက်လင့်ဆိုတော့  One Click Download ပေါ့ဗျာ....။

Download Movie 




Angal Kaung (Pinlebu)

ဇာတ်ကားတွေကို မြန်မာစာတန်းထိုးမယ်


နိုင်ငံခြားဇာတ်ကားတွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်လိုသူများအတွက် စာတန်းအလွယ်ထိုးနည်းကို တင်ပြပေးပါ့မယ်။ ကျွန်တော့်တုန်းက ကျွန်တော့်ကိုသင်ပြပေးတဲ့သူ ဘယ်သူမှမရှိပါဘူး။ ကိုယ့်ဘာသာကိုယ် လျှောက်ရှာရင်း ကလိရင်း တတ်ခဲ့တာပါ။ ပင်ပန်းပါတယ်။ ဘာမဟုတ်တဲ့အရာလေးကို သိဖို့ပဲ နာရီပေါင်းများစွာ ရှာဖွေရပါတယ်။ ကျွန်တော့်လိုမျိုး မဖြစ်ရအောင် ကျွန်တော်သိထားသမျှ မချွင်းမချန် တင်ပြပေးပါ့မယ်။ 
နိုင်ငံခြားဇာတ်ကားတွေရဲ့ စာတန်းထိုးတွေ တင်ပေးတဲ့ ဝက်ဘ်ဆိုဒ်တွေကတော့ အများကြီးပါ။ အဲဒီထဲကမှ subscene နဲ့ opensubtitles တို့က ပြည့်စုံပါတယ်။ subscene က အသုံးပြုရတာ လွယ်ပါတယ်။ ရိုးရှင်းတယ်။ အဲဒါကြောင့် ကျွန်တော်က သူ့မှာပဲ ရှာပါတယ်။
အရင်ဆုံး subscene ကိုနှိပ်ပါ။ သူ့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာကို ရောက်ရှိသွားပါလိမ့်မယ်။

ပုံမှာပေါ်နေတဲ့အတိုင်း search box လေးမှာ ကိုယ်ရှာချင်တဲ့ ဇာတ်ကားနာမည်ကို ရိုက်ထည့်ပြီး ရှာယူဒေါင်းလို့ရပါပြီ။ အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က နည်းနည်းလောက်လေး ထပ်ပြီးပြောပြချင်ပါသေးတယ်။
ပုံမှာ မြှားပြထားတဲ့နေရာဘေးမှာ All Languages ဆိုပြီး ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ စာတန်းထိုးဖိုင်တစ်ခုကို ရှာလိုက်ရင် ရှိရှိသမျှ ဘာသာစကားအားလုံးနဲ့ ဖော်ပြပေးပါတယ်။ ကျွန်တော်ကတော့ ကြည့်ရတာ မျက်စိရှုပ်လို့ ပြန်ပြင်လိုက်ပါမယ်။ ပုံမှာမြှားပြထားတဲ့အတိုင်း Edit ကိုနှိပ်ပါ။
ပုံထဲကလို ဘာသာစကားတွေအများကြီးနေရာမှာ Burmese နဲ့ English ကို အမှန်ခြစ် ခြစ်ပေးလိုက်ပါ။ ဒါဆိုရင် နောက်တစ်ခါ ကိုယ်ရှာတဲ့အခါ အဲဒီဘာသာစကားနှစ်မျိုးကိုပဲ ပြပါတော့မယ်။ တခြားဟာတွေမပါတော့ပါဘူး။ မျက်စိနောက်သက်သာသွားပါမယ်။ ကျွန်တော် နမူနာဖိုင်တစ်ခု ဆွဲပြပါ့မယ်။ Frozen ဆိုတဲ့ဇာတ်ကားလေးကို ရိုက်ရှာလိုက်ပါ။ ပုံထဲကလိုမျိုး မြန်မာနဲ့ အင်္ဂလိပ်နှစ်ဘာသာစာပဲ ပြတော့တာကို တွေ့ရမှာပါ။ 
မြန်မာစာတန်းထိုးဖိုင်ကိုဆွဲပါမယ်။ ဖိုင်ကိုနှိပ်လိုက်ပါ။ 
ပီးရင် Download Subtitle ဆိုတာကို နှိပ်ပြီး ဒေါင်းယူနိုင်ပါပြီ။
ဇာတ်ကားတစ်ကားရဲ့ စာတန်းထိုးဖိုင်လုပ်ရတာ ပင်ပန်းပါတယ်။ ကျွန်တော်လည်း ဘာသာပြန်ပြီး အဲဒီဝက်ဘ်ဆိုဒ်မှာပဲ တင်ပါတယ်။ ကျွန်တော့်လိုပဲ လုပ်ပေးကြတဲ့သူတွေလည်း အများကြီးပါ။ ကျွန်တော်ရှာကြည့်သလောက် ၁၀ ယောက်လောက်ရှိပါတယ်။ အဖိုးအခ တစ်ပြားမှမရဘဲ သူများတွေကြည့်နိုင်အောင် လုပ်ပေးကြတဲ့သူတွေကို ကူညီတဲ့အနေနဲ့ အဲဒီဝက်ဘ်ဆိုဒ်မှာ register လုပ်၊ Log In ဝင်ပြီးတော့မှ စာတန်းထိုးဖိုင်ကို ဒေါင်းယူပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
အဲသလို Log In ဝင်ပြီးတော့မှ ဒေါင်းရင် ပုံထဲကလို Download Subtitle ဘေးမှာ Good ရယ် Bad ရယ် ဆိုပြီး ပေါ်နေတာ တွေ့ရမှာပါ။ အဲဒါက rating ပေးတာပါ။ rating လေးတွေ ပေးသွားကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ကဲ...ဒါဆိုရင်တော့ စာတန်းထိုးဖိုင် ဒေါင်းတာပြီးပြီ။ ဇာတ်ကားကြည့်ဖို့အတွက် ဆက်လှုပ်ရှားကြရအောင်။
အရင်ဆုံး ခုနကဆွဲထားတဲ့ rar ဖိုင်လေးကို ဖြည်လိုက်ပါ။ ပြီးရင် ဇာတ်ကားနဲ့ စာတန်းထိုးဖိုင်ကို Folder တစ်ခုတည်းမှာ ထည့်ထားပါ။ နာမည်ကိုလည်း တူအောင်ပြောင်းပေးထားပါ။ ပုံမှာလိုင်းတားထားပါတယ်။
ကျွန်တော် VLC Player နဲ့ဖွင့်ပြပါ့မယ်။ အရင်ဆုံး VLC Player ကိုဖွင့်လိုက်ပါ။ 
ပုံမှာ မြှားပြထားတဲ့ Tools ဆိုတာကို နှိပ်လိုက်ပါ။ အဲဒီထဲက Preferences ဆိုတာကို ထပ်နှိပ်ပါ။ အောက်ကလိုပုံမျိုးလေး ပေါ်လာပါလိမ့်မယ်။

Subtitles & OSD ဆိုတာကို ရွေးပေးလိုက်ပါ။ ပြီးရင် ဖောင့်ကို Zawgyi (ဒါမှမဟုတ်) Win Innwa ပြောင်းပေးလိုက်ရင် ရပါပြီ။
ပြီးရင် ဗီဒီယိုဖိုင်ကိုဖွင့်လိုက်တာနဲ့ မြန်မာစာတန်းထိုးလေးတွေနဲ့ သာယာသွားပြီပေါ့။
GOM Player သုံးပြီးတော့ ဖွင့်တာနဲ့ ပတ်သက်လို့ ပြောပြချင်တာလေးတွေ ရှိပါသေးတယ်။ ဒီပို့စ်က တော်တော်ရှည်နေပြီဖြစ်တဲ့အတွက် ပို့စ်အသစ်ရေးပြီး တင်ပေးပါ့မယ်။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

အပြင်မှာတကယ်ရှိခဲ့သော ဇာတ်ကားထဲမှ ဇာတ်ကောင်များ




အပြင်မှာတကယ်ရှိခဲ့သော ဇာတ်ကားထဲမှ ဇာတ်ကောင်များ

The Prestige ဇာတ်ကားထဲက တရုတ်မျက်လှည့်ဆရာအဖိုးကြီး ဖြစ်ပါတယ်။ သူဟာ အပြင်မှာ တကယ်ရှိခဲ့ပါတယ်။ သူ့နာမည်က Chung Ling Soo (ချောင်လင်ဆူး) ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီနာမည်ပါပဲ။ အဲဒီဇာတ်ကားထဲက ကျည်ဆံဖမ်းပြတဲ့ မျက်လှည့်ပြကွက်ဟာလည်း သူ့ရဲ့ နာမည်ကျော်ပြကွက်ပါပဲ။

တကယ်တော့ သူဟာ တရုတ်လူမျိုးမဟုတ်ပါဘူး။ အမေရိကန်လူမျိုး အမေရိကန်ကြီးတစ်ယောက်ပါ။ ပရိသတ်ကို ပိုပြီးတော့ စိတ်လှုပ်ရှားစေအောင်၊ ပိုပြီးတော့ ဆွဲဆောင်နိုင်အောင် သူ့ကိုယ်သူ တရုတ်လူမျိးအဖြစ် ပုံစံပြောင်းလိုက်တာပါ။ 
သူ့ရဲ့နာမည်အရင်းက William Ellsworth Robinson ဖြစ်ပါတယ်။ တရုတ်လူမျိုး မျက်လှည့်ဆရာ Chung Ling Foo (ချောင်လင်ဖူး) ကို အတုယူပြီး သူ့နာမည်ကို ချောင်လင်ဆူးလို့ ပြောင်းလိုက်ပါတယ်။ ပြီးတော့ အမေရိကမှထွက်ခွာပြီး ဥရောပမှာ မျက်လှည့်သွားပြပါတယ်။ ချောင်လင်ဖူးရဲ့ ပြကွက်တော်တော်များများကို ပြန်လည်ပြသပါတယ်။
တရုတ်လိုနာမည်ပြောင်းပြီး တရုတ်လိုပဲ ဝတ်စားဆင်ယင်ပါတယ်။ လူကြားထဲမှာ အင်္ဂလိပ်လို လုံးဝမပြောပါဘူး။ တရုတ်လိုပဲ ပြောပါတယ်။ နာမည်ကြီးသွားတော့ သူ့ကိုအင်တာလာဗျူးတဲ့အခါ စကားပြန်နဲ့ပဲ ဖြေပါတယ်။
သူ့ရဲ့ အကျော်ကြားဆုံးပြကွက်က ကျည်ဆံဖမ်းပြတဲ့ ပြကွက်ပါ။ "Condemned to Death by the Boxers" လို့ အဲဒီခေတ်က နာမည်ကြီးပါတယ်။ သိုင်းသမားလို ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က သေနတ်နှစ်လက်ကိုင်ကာ စင်ပေါ်တက်လာပါတယ်။ ပရိသတ်ထဲက လူတော်တော်များများကို စင်ပေါ်ဖိတ်ပြီး ကျည်ဆံထည့်ထားတာဟုတ်မဟုတ် စစ်ခိုင်းပါတယ်။ ပြီးတော့ သူ့ကိုပစ်ခိုင်းပါတယ်။
လေထဲမှာပဲ ကျည်ဆံကိုဖမ်းပြလိုက်ပြီး သူ့ရှေ့က ပန်းကန်ပြားထဲကို ကျည်ဆံနှစ်ခု ထည့်ပြလိုက်ပါတယ်။ တစ်ခါတစ်လေမှာ ကျည်ထိသွားချင်ယောင်ဆောင်လိုက်ပါသေးတယ်။ ပြီးတော့မှ ပန်းကန်ပြားထဲကို ကျည်ဆံထွေးထုတ်ပြလိုက်ပါတယ်။ သွားနဲ့ကိုက်ပြီး ဖမ်းပြလိုက်တဲ့ ပုံစံပေါ့။ အဲဒီပြကွက်နဲ့ အင်မတန် နာမည်ကြီးပါတယ်။
ကံကြမ္မာဆိုးဝင်ချင်းတော့လည်း အဲဒီပြကွက်နဲ့ပဲ သူ့ခမျာ သေရရှာပါတယ်။ တစ်ညတော့ လန်ဒန်မှာ အဲဒီပြကွက်ပြနေတုန်း ကျည်တကယ်ထွက်ပြီး သူ့ကိုထိသွားပါတယ်။ အဲဒီအခါ သူက အခုလိုအော်လိုက်ပါတယ်။ "My God, I've been shot" ( ဘုရားသခင်၊ ငါ့ကို ကျည်တကယ်ထိသွားပြီ )။ စင်ပေါ်မှာ တရုတ်ကြီးအဖြစ် မျက်လှည့်ပြခဲ့တဲ့ ၁၉ နှစ်လုံးလုံး အင်္ဂလိပ်လိုဆိုလို့ ဒီစကားတစ်ခွန်းပဲ ပြောသွားပါတယ်။ ဒါသူ့ရဲ့ နောက်ဆုံးစကားပါပဲ။
သူ့ကို ချက်ချင်းပဲ ဆေးရုံခေါ်သွားပါတယ်။ နောက်နေ့ကျတော့ ဆေးရုံပေါ်မှာပဲ ဆုံးရှာပါတယ်။ သူ့မိန်းမဖြစ်သူက ဒီပြကွက်ရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြပါတယ်။ လက်နက်ကျွမ်းကျင်ပညာရှင် Robert Churchill က စုံစမ်းစစ်ဆေးပြီး မတော်တဆမှုဖြစ်ကြောင်း အတည်ပြုပေးပါတယ်။ လူသေပေမယ့် နာမည်မသေသော လူထူးလူဆန်းကြီးတစ်ယောက်အဖြစ် မှတ်တမ်းတင်ပေးလိုက်ရပါတယ်။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ...။
P.S - သူ သေနတ်ထိသွားတဲ့အခါ ပြောတဲ့စကားနဲ့ပတ်သက်လို့ မူကွဲပါတယ်။ Wikipedia မှာက "Oh my God. Something's happened. Lower the curtain." လို့ ဖော်ပြထားပါတယ်။ သူ့အကြောင်းကို Wikipedia မှာ ဖတ်ရှုနိုင်ပါတယ်။
ဖတ်ရှုရန်  Movie Locos ကိုနှိပ်ပါ။
ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ



Fool's Gold



Cuba နိုင်ငံ Havana မြို့ကနေထွက်ခွာလာခဲ့တဲ့ ရတနာတင်စပိန်ရေတပ်သင်္ဘောအုပ်စု Aurelia တစ်စုလုံးဟာ ကမ်းမှခွာပြီး ၇ ရက်မြောက်တဲ့နေ့ ၁၇၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ  အမေရိကန်နိုင်ငံ ဖလော်ရီဒါကမ်းခြေအနီးမှာ ဟာရီကိန်းမုန်တိုင်းတစ်ခုနဲ့တိုးပြီး နစ်မြှုပ်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီနစ်မြှုပ်သွားတဲ့အထဲမှာ စပိန်ဘုရင်မကြီးရဲ့ ဘဏ္ဍာတော်ရတနာတွေကို တင်ဆောင်လာတဲ့ အလံတင်သဘောင်္ The Capitana လည်း ပါပါတယ်။ ဘိသက်ပွဲကျင်းပပြီး ထီးနန်းယူမယ့် စပိန်ဘုရင်မကြီးအတွက် အရှေ့တိုင်းကနေ အထူးပြုလုပ်ထားတဲ့ ရွှေသရဖူကြီးအပါအဝင် တခြားသောရတနာသေတ္တာပေါင်း ၄၀ နစ်မြှုပ်သွားခဲ့ပါတယ်။
ရတနာသေတ္တာလို့ ပြောလိုက်လို့ ခပ်ညံ့ညံ့ရတနာတွေပါပဲလို့ မထင်လိုက်ပါနဲ့။ အိန္ဒိယစိန်၊ လက်သီးလုံးလောက်ရှိတဲ့ ကိုလံဘီယာမြ၊ မြန်မာပတ္တမြား စတဲ့ အနောက်တိုင်းမှာ တန်ဖိုးအကြီးမားဆုံးသော ရတနာတွေချည်းပဲ သယ်ဆောင်လာတာပါ။
သင်္ဘောမြှုပ်တဲ့နေရာကို ဘယ်သူ့မှမသိအောင် နှစ်ပေါင်းအတော်ကြာကြာ ဖုံးကွယ်ထားခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဟိုတစ်စ ဒီတစ်စနဲ့ ပေါင်းစပ်လို့ သင်္ဘောမြှုပ်တဲ့နေရာကို သိရှိခဲ့ကြပါတော့တယ်။ အဲဒီကတည်းက ရတနာသိုက်တူးသမားတို့က အလုအယက်ရှာဖွေခဲ့ကြပါတယ်။
အဲဒီအဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Fool's Gold ဆိုတဲ့ ဇာတ်ကားလေးပါ။ Finn ဆိုတဲ့ ရတနာလိုက်ရှာတဲ့သူတစ်ယောက်ရှိပါတယ်။ သူဟာ တစ်နေ့ သူ့သူငယ်ချင်းဖြစ်သူ Alfonz နဲ့အတူ စပိန်ရတနာတွေကို ရေငုပ်ရှာဖွေနေပါတယ်။ သမုဒ္ဒရာကြမ်းပြင်က ကျောက်တွေကို ပိုက်နဲ့စုပ်နေတဲ့အချိန် ရေပေါ်က သူတို့လှေဟာ မီးစက်ကမီးပွားစင်ပြီး မီးလောင်ပါတော့တယ်။ တစ်စီးလုံးကို မီးလောင်ကျွမ်းသွားပြီး လှေဟာ ရေအောက်ကို မြှုပ်သွားပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ လုံးလုံးမသိရှာပါဘူး။ ရေပေါ်ကို ပြန်တက်လာတဲ့အချိန်မှာ သင်္ဘောမတွေ့ရတော့ နှစ်ဦးသား အံ့သြနေပါတယ်။ သင်္ဘောက သမုဒ္ဒရာကြမ်းပြင်ကို အရှိန်နဲ့ဆောင့်ပြီး အဲဒီအရှိန်ကြောင့် သင်္ဘောထဲက ပန်းကန်တွေကျိုးပဲ့လို့ ရေပေါ်ကို ပြန်ပေါ်လာပါတယ်။ တစ်ဝက်ကျိုးပဲ့နေတဲ့ ပန်းကန်ပြားကို ရေပေါ်ရောက်နေတဲ့ Finn က တွေ့သွားပါတယ်။ ပန်းကန်ပြားရဲ့အောက်ခြေမှာ တစ်စွန်းတစ်စပေါ်နေတဲ့ တံဆိပ်ကိုကြည့်ပြီး "ဟာ၊ ဒါစပိန်သင်္ဘောက ငွေပန်းကန်ပြားပဲ။ ငါတို့တော့ ရတနာသိုက်နဲ့ နီးစပ်နေပြီ" ဆိုပြီး အပျော်ကြီးပျော်သွားရှာပါတယ်။
အဲဒီနောက် ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာ ဒီဇာတ်ကားမှာ ရှုစားကြပါဦး။ ဒီဇာတ်ကားမှာ မင်းသားအဖြစ် အော်စကာဆုရှင် Matthew McConaughey က ပါဝင်သရုပ်ဆောင်ထားပြီး သူ့ဇနီးအဖြစ် Kate Hudson က သရုပ်ဆောင်ထားပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဟဿ     ရသ အပြည့်အဝပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်ရင်း အားရပါးရ ရယ်မောကြပါဦးလို့...။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကို အားပေးကြပါဦးခင်ဗျာ။



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ



Popular Movies တွေကို ထိုင်းစကားပြောအသံဖြင့်တိုက်ရိုတ် Online မှာ ကြည့်ချင်သူ များအတွက်

Popular Movies တွေကို ထိုင်းစကားပြောအသံဖြင့်တိုက်ရိုတ် Online မှာ ကြည့်ချင်သူ
များအတွက် အောက်မှာ မူရင်းလင့်ပေးထားပါတယ်။ HD အရည်သွေးနဲ့ ကြည့်ရူ့နိုင်ပါတယ်ခင်ဗျာ။
ဇာတ်ကား ကောင်းများအတော်လေးစုံတယ်ဗျာ .....Movies ဝါသနာရှင်များအတွက်အလွန်ပဲမိုက်တယ်ဗျာ။
ဖုန်းနဲ့ လဲအဆင်ပြေပြေကြည့်နိုင်ပါတယ်ဗျာ။
ထိုင်းစကားကို စတင်လေ့လာနေသော သူငယ်ချင်းများရှိရင် Movies လေးတွေကိုကြည့်ရင်
ထိုင်းစကား ကိုပါနားလည်လာနိုင်ပါတယ်။
ထိုင်းမှ နေကျတဲ့ သူငယ်ချင်းများအတွက်အလွန်ပဲ သိထားသင့် တဲ့ Website ကောင်းတစ်ခုပါခင်ဗျာ။
အဆင်မပြောခဲ့ပါအုံးနော်။
                         ဒီမှာသွားပါ
                                                  အိုင်တီအိမ်မက်



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ


Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ


-ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Picturesတို့က မင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့် ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

-ဇာတ်ကားထဲမှာ အဖြစ်အပျက်အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအို Gloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။
-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်က ငွေကြေးနဲ့တွက်ရင် $150 million လောက်ကုန်ခဲ့တာပါ။ ဇာတ်ကားရိုက်ဖို့အတွက် ပြန်ဆောက်တဲ့သင်္ဘောဟာ $200 million ကုန်ပါတယ်။
-သင်္ဘောမြုပ်တဲ့အခန်းမှာ Kate Winslet ဝတ်ခဲ့တဲ့ကုတ်ဟာ ဆိုဒ်နံပါတ် ၈ ပါ။ ကျန်တဲ့အခန်းတွေမှာ သူဟာ ဆိုဒ်နံပါတ် ၄ ကိုပဲဝတ်ခဲ့တာပါ။ ဒီလိုလုပ်တာဟာ သင်္ဘောမြုပ်ချိန်မှာ သူ့ကို ပိုမြင့်မြတ်တဲ့သူတစ်ယောက်အဖြစ် မြင်စေချင်လို့ပါ။ (ကျွန်တော်ထင်ပါတယ်။ ဒါလည်း James Cameron ရဲ့ idea ပဲနေမှာပါ)

-Leonardo ရဲ့ရှေ့မှာ ကိုယ်တီးလုံးနဲ့နေပြရမယ့် အခန်းပါတယ်ဆိုတော့ မင်းသမီး Kate Winslet ဟာ သူတို့နှစ်ယောက်စစတွေ့ချင်းမှာပဲ ရင်းနှီးနေအောင် လုပ်ထားလိုက်ပါတယ်။

-ပန်းချီဆွဲတဲ့အခန်းမှာ Leonardo ပြောရမယ့် Dialogue ဟာ “Lie on that couch” ဖြစ်ပါတယ်။ ဒါပေမယ့် ယောင်ယောင်ယမ်းယမ်းနဲ့ ပြောထွက်သွားတာက “Lie on that bed, uh...I mean couch” လို့ဖြစ်ပါတယ်။ James Cameron က သဘောကျသွားတဲ့အတွက် အဲဒီအမှားအတိုင်းပဲထားလိုက်ပါတယ်။ ပြန်မရိုက်တော့ပါဘူး။
-အင်ဂျင်ခန်းထဲမှာ သရုပ်ဆောင်တဲ့ စတန့်မင်းသားဟာ အရပ် ၅ပေ ပဲရှိပါတယ်။ အင်ဂျင်ကို ပိုကြီးသယောင်မြင်စေချင်လို့ သူ့ကိုရွေးထားတာပါ။
-သင်္ဘောထဲကို ရေထဲဒလဟော ဝင်လာပြီး ပရိဘောဂတွေ ပျက်စီးကုန်တဲ့အခန်းကို တစ်ကြိမ်ပဲရိုက်ကူးခွင့် ရှိခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားပိုပြီးအသက်ဝင်အောင် ပရိဘောဂတွေကို တကယ်ဖျက်ဆီးပစ်မှာမို့ပါ။

-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ဇာတ်ကားရိုက်ကူးရာမှာ အင်မတန်ကြိုးစားခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သင်္ဘောမြုပ်တဲ့အခန်းတစ်ခန်းတည်းကို ရိုက်ဖို့အတွက် သူအားထုတ်ခဲ့တဲ့အချိန်စုစုပေါင်းဟာ ဇာတ်ကားထဲမှာ ခရီးသည်နေရာကနေ ပါဝင်သရုပ်ဆောင်တဲ့သူအားလုံးရဲ့ ဇာတ်ကားအတွက်အားထုတ်ချိန်စုစုပေါင်းထက် သာနေပါတယ်။ 

ဒါတွေကိုဖတ်ပြီးသွားရင် ဒီရုပ်ရှင် အောင်မြင်ရတဲ့အကြောင်းရင်းကို အနည်းငယ်လောက်တော့ နားလည်သွားကြမှာပါ။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကို အားပေးကြပါဦးခင်ဗျာ။ 



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၃)





Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၃)

-Jake ၏ ဗီဒီယိုမှတ်တမ်းကို ကြည့်ခြင်းအားဖြင့် Pandora ပေါ်တွင် Jake တို့ ၉၆ ရက်ကြာ နေထိုင်ခဲ့ကြောင်း သိနိုင်ပါတယ်။ ၁၉.၅.၂၁၅၄ တွင်စ၍ ၂၄.၈.၂၁၅၄ ထိနေထိုင်ခဲ့ပါတယ်။


-ဘူဒိုဇာမောင်း၍ သစ်ပင်များကို ဖျက်ဆီးသောအခန်းတွင် ဘူဒိုဇာကိုထိန်းချုပ်သောခလုတ် (စတီယာရင်) မှာ Saitek X52 Pro ဂိမ်းခလုတ်ကို အဆင့်မြင့်ထားခြင်းဖြစ်ပါတယ်။



-ဇာတ်ကားရိုက်ကူးချိန် စုစုပေါင်း ၄ နှစ် ကြာမြင့်ခဲ့ပါတယ်။

-ဒီဇာတ်ကားဟာ 3D နည်းပညာနဲ့ရိုက်၊ 3D နဲ့ရုံတင်ပြသ၊ 3D ဖြင့် အခွေထွက်သော ပထမဆုံး အော်စကာစကာတင်စာရင်းဝင် ဇာတ်ကားဖြစ်ပါတယ်။
-ဇာတ်ကားရုံတင်ပြီးပြီးချင်း ၃၂ ရက်အကြာမှာ စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း၅၀၀ ပြည့်သွားခဲ့ပါတယ်။ ဒါဟာ အမြန်ဆုံးစံချိန်ဖြစ်ပြီး သူ့နောက်မှာBatman: The Dark Knight ဇာတ်ကားမှ ၄၅ ရက်စံချိန်၊ Titanicဇာတ်ကားမှ ၉၈ ရက်ကြာစံချိန် အသီးသီးရရှိထားပါတယ်။
-ဇာတ်ကားရဲ့ စုစုပေါင်းဝင်ငွေဟာ $ 2,779,404,183 (ဒေါ်လာ ၂ ဘီလျံကျော်) ရရှိခဲ့ပါတယ်။
-ဒီဇာတ်ကားဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ရိုက်ကူးပြီး အကောင်းဆုံးဓာတ်ပုံအတတ်ပညာ အော်စကာဆုကို ပထမဆုံးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
-စုစုပေါင်း အော်စကာဆု ၃ ဆု ရရှိခဲ့ပါတယ်။
အားလုံးပဲကျေနပ်နိုင်ကြပါစေခင်ဗျာ။

Movie Locos မှ စုစည်းတင်ပြသည်။
www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၂)







Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၂)


-Pandora ဂြိုဟ်ပေါ်မှ တိရစ္ဆာန်များအားလုံးဟာ ခြေခြောက်ချောင်းသတ္တဝါတွေ ဖြစ်ကြပါတယ်။




-သားကောင်ကြီးများ၏ နှာမှုတ်သံ၊ အသက်ရှူသံများကို ပြိုင်ကားအင်ဂျင်သံမှ ယူထားခြင်းဖြစ်သည်။





-ဇာတ်ကားထဲတွင် Na'vi နှင့် Avatar ဟု နှစ်မျိုးသုံးနှုန်းထားပါတယ်။ Na'vi ဆိုသည်မှာ ဂြိုဟ်ပေါ်တွင် နေနေသော လူမျိုးများကို ဆိုလိုခြင်းဖြစ်ပြီး Avatar ဆိုတာကတော့ လူသားများက ဖန်ပေါင်းချောင်ထဲဝင်ကာ ထိန်းချုပ်တဲ့အကောင်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ Na'vi များ၏လက်နှင့်ခြေထောက်တွင် လက်ချောင်းလေးချောင်းစီနှင့် ခြေချောင်းလေးချောင်းစီသာရှိပြီး Avatar များတွင် လူကဲ့သို့ ငါးချောင်းစီရှိပါတယ်။ Na'vi များမှာ Avatar ကဲ့သို့ မျက်ခုံးမရှိပါဘူး။





-Na'vi တို့၏ ဘုရားသခင် Ey'wa သည် ဟီဘရူးနတ်ဘုရား "Yahweh" မှ ပြောင်းလဲယူထားသော နာမည်ဖြစ်သည်။ ("Yahweh" မှ "h" နှစ်လုံးကိုဖြုတ်၍ ကျန်စကားလုံးကို ရှေ့နောက်ချိန်းကြည့်လျှင် "Eywa" ကို ရပါသည်။)



-ဟီဘရူးဘာသာစကားအရ Na'vi ဆိုသောနာမည်သည် တမန်တော်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်နှင့် လူသားတို့ကို ဆက်စပ်ပေးသောပုဂ္ဂိုလ်ဟု ဆိုလိုသည်။ (ကျွန်တော်တို့ဆီတွင် နတ်နှင့်လူကို ဆက်စပ်ပေးသောပုဂ္ဂိုလ်ကို နတ်ကတော်ဟုခေါ်ကြသည်။ ထိုကားထဲတွင်လည်း မြန်မာအခေါ် "နတ်ကတော်" တစ်ယောက် ပါပါသည်။)


-Avatar ဆိုသောစကားလုံးဟာ ဟိန္ဒူဘာသာအရ ဘုရားသခင်လို့ အဓိပ္ပာယ်ရပါတယ်။
-Na'vi လူမျိုးများနေရာမှ သရုပ်ဆောင်မည့်သူများကို မျက်နှာပေါ်တွင် အမှုန်လေးများ လိမ်းခြယ်ပေးလိုက်သည်။ ခေါင်းတွင် ကင်မရာတစ်ယောက်တစ်လုံးဆီ တပ်ပေးထားသည်။ ထို့ကြောင့် သူတို့၏မျက်နှာလှုပ်ရှားမှုများကို အနီးကပ် မှတ်တမ်းတင်နိုင်သည်။ တစ်ဦးချင်းစီ၏ မျက်နှာပေါ်မှ အမှုန်လေးများ လှုပ်ရှားပုံကိုကြည့်ပြီး CGI Effect ထည့်မည့်သူများက ထိုသရုပ်ဆောင်များကို Na'vi လူမျိုးများအဖြစ် ပြောင်းလဲရာတွင် မျက်နှာအမူအရာကိုပါ လက်ရာမြောက်စွာ ထည့်သွင်းထားနိုင်လေသည်။ (ထို့ကြောင့်သာ Na'vi လူမျိုးများ၏ ရင်တွင်းခံစားချက်ကို ကျွန်တော်တို့က သူတို့မျက်နှာကိုကြည့်ပြီး သိရှိခံစားနိုင်ခြင်းဖြစ်သည်။ နို့မို့ဆိုလျှင် မျက်နှာဖုံးစွပ်ထားသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ ဘာအမူအရာမှ ကျွန်တော်တို့မသိနိုင်တော့ပါ။)



-ဇာတ်ကားထဲမှ တောတောင်သဘာဝအလှများမှာ တရုတ်နိုင်ငံမှ နာမည်ကျော် Huangshan တောင်ကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။



-Norm Spellman ရဲ့ ပထမဆုံးအကြိမ် Pandoraတောထဲသို့ သွားသော ခရီးစဉ်မှာ သူဟာ ဦးထုပ်တစ်လုံးဆောင်းထားပါတယ်။ ဦးထုပ်ပေါ်မှာ မျက်မမြင်သင်္ကေတနဲ့ ရေးထားသော စာတစ်ကြောင်းရှိပါတယ်။ အဓိပ္ပာယ်က ၁၉၆၉ ဟုဖြစ်ပြီး ဒါဟာ လူသားတွေ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် ခြေချနိုင်သော ခုနှစ်ကို ရည်ညွှန်းနေတာပါ။


-ဇာတ်ကားဖြန့်ချိသူ 20th Century Fox ဟာ Titanicဇာတ်ကားတုန်းကလို ငွေကုန်ကြေးကြအများကြီးနဲ့ ရိုက်ကူးပြီး တော်တော်နဲ့ ငွေပြန်မပေါ်မှာ အရမ်းစိုးရိမ်နေတဲ့အတွက် ဂျိမ်းစ်ကင်မရွန်းက အကယ်၍ Avatar သာ မအောင်မြင်ခဲ့ရင် သူ့ရဲ့အနုပညာကြေးကို သူမယူပါဘူးလို့ ကတိပေးခဲ့ပါတယ်။
-ဇာတ်ကားထဲမှာ လူသားနဲ့သစ်ပင်ဆက်နွယ်တာ၊ သစ်ပင်အချင်းချင်းဆက်နွယ်တာကို အလေးထားပြောသွားပါတယ်။ ဒါစိတ်ကူးဟာ Isaac Asimov ရဲ့ 'Foundation's Edge' ဆိုတဲ့ ဝတ္ထုကနေ ယူသုံးထားတာပါ။


-James Cameron ရိုက်တဲ့ဇာတ်ကားတွေထဲမှာ Nuclear လက်နက်မပါတာ ဒီကားရယ် တိုက်တန်းနစ်ရယ် နှစ်ကားပဲရှိပါတယ်။
အပိုင်း (၃) ဆက်လက်တင်ပြပေးပါ့မယ်...။

ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ  Movie Locos ကို အားပေးကြပါဦးခင်ဗျာ။

www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။

 

Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၁)





Avatar ဇာတ်ကား၏ ထူးခြားသောအချက်အလက်များ (အပိုင်း-၁)


-ဇာတ်ကားထဲက Na'vi ဘာသာစကားကို ဘာသာစကားပညာရှင် Paul R.Froomer က အလုံးစုံ ဖန်တီးထားတာပါ။ ဒါရိုက်တာ James Cameron က လူသားဘာသာစကားနဲ့လည်း မတူရဘူး၊ သရုပ်ဆောင်တွေလည်း အလွယ်တကူအသံထွက်နိုင်မယ့် ဘာသာစကားမျိုး တီထွင်ပေးပါဆိုပြီး သူ့ကို ငှားရမ်းခဲ့တာပါ။ Froomer ဟာ စကားလုံးပေါင်း ၁၀၀၀ ခန့်ကို တီထွင်ခဲ့ရပါတယ်။






-သူ့ရဲ့တီထွင်နိုင်စွမ်းဟာ အင်မတန်လေးစားစရာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အင်တာဗျူးတစ်ခုမှာ မင်းသား Sam Worthington က Na'vi ဘာသာစကားဟာ သူ့အတွက် အမေရိကန်စကားထက်တောင် ပြောရတာ ပိုလွယ်နေပါတယ်တဲ့။



-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ရိုက်ကွင်းထဲမှာ စိတ်ဆတ်တဲ့လူတစ်ယောက်ပါ။ သူက သံရိုက်စက်ကို အမြဲဆောင်ထားပါတယ်။ ဇာတ်ကားရိုက်နေရင်း ဘယ်သူ့ဖုန်းပဲထမြည်မြည် လုဆွဲပြီး နံရံမှာ သံနဲ့ရိုက်လိုက်ပါတယ်။
-ဇာတ်ကားထဲက မင်းသား Jake ရဲ့ခြေထောက်ဟာ အပြင်က တကယ့်လူရဲ့ခြေထောက်ကို Digital နည်းပညာနဲ့ ကူးထည့်ထားတာဖြစ်ပါတယ်။ ရိုက်တဲ့အခါ မင်းသားကို Wheel Chair ပေါ်မှာ ဒီအတိုင်းထိုင်ခိုင်းပြီး Edit လုပ်တော့မှ ပြန်ဖျက်ထားတာဖြစ်ပါတယ်။
-ဇာတ်ကား Frame တစ်ခုစာ (တစ်စက္ကန့်ရဲ့ ၂၄ပုံ ၁ ပုံ)အတွက် CGI Effect ကို ၄၇ နာရီကြာ အချိန်ယူလုပ်ခဲ့ရပါတယ်။
-ဇာတ်ကားတစ်ခုလုံးရဲ့ ၄၀% ကိုသာ တကယ်ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၆၀% က CGI Effect တွေပါ။
-သရုပ်ဆောင်တွေ ဇာတ်ကားနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက သရုပ်ဆောင်အားလုံးကို ဟာဝိုင်အီကို ခေါ်သွားပါတယ်။ တောထဲမှာပဲနေ၊ တောင်တွေတက်၊ မီးပုံပွဲတွေလုပ်၊ ငါးတွေကင်စား၊ ရွက်ဖျင်တဲတွေထိုးပြီး နေကြပါတယ်။ အိပ်တဲ့တစ်ချိန်ပဲ ဟိုတယ်ပြန်အိပ်ကြရတာပါ။ မင်းသမီး Zoe Saldana ဆိုရင် အဲဒီခရီးစဉ်တစ်လျှောက်လုံး Warrior လိုသာ ဝတ်ဆင်ခဲ့ပါတယ်။
-စတူဒီယိုတွေက Jake Sully နေရာမှာ Matt Damon ၊ဒါမှမဟုတ် Jake Gyllenhaal ကို သရုပ်ဆောင်စေချင်ပါတယ်။ ဂျိမ်းစ်ကင်မရွန်းက Sam Worthington ကိုပဲ ရွေးခဲ့တာပါ။
-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းက Jake Sully နေရာမှာ သရုပ်ဆောင်မယ့် မင်းသားကို လူသစ်ထဲကပဲ ဖြစ်စေချင်ပါတယ်။ နို့မို့ဆိုရင် ပရိသတ်အပေါ်မှာ သူ့ဇာတ်ကားဟောင်းတွေက လွှမ်းမိုးမှုရှိနေနိုင်ပါတယ်။
-ဒီဇာတ်ကားဟာ ကုန်ကျစရိတ်အများဆုံး ဇတ်ကားပါပဲ။ ကုန်ကျမှုစရိတ် စုစုပေါင်း $280,000,000 (သန်း၂၈၀) ရှိပါတယ်။
-ဂျိမ်းစ်ကင်မရွန်းက ဇာတ်ကားကို ၁၉၉၉ မှာ အပြီးရိုက်ကူးချင်တာပါ။ ဒါပေမယ့် Effect ထည့်တဲ့နည်းပညာတွေက အဲသလောက်မကောင်းသေးတော့ တကယ်လုပ်မယ်ဆိုရင် အကုန်အကျအရမ်းများပါမယ်။ သန်း ၄၀၀ လောက်ကုန်ပါ့မယ်။ ဘယ်ကုမ္ပဏ္ဏီမှ အဲသလောက် မထုတ်ပေးနိုင်ပါဘူး။ (ဒီနေရာမှာ ကျွန်တော် ဂျိမ်းစ်ကင်မရွန်းရဲ့ ဇွဲကို ချီးကျူးပါတယ်။ လုံးဝလက်မလျှော့ပါဘူး။ နောက် ၁၀ နှစ်ကြာတဲ့အခါ သူရိုက်ပြနိုင်ခဲ့ပြီလေ။)
-သူရိုက်ချင်တဲ့ ဒီဇာတ်ကားကို CGI Effect နဲ့ ရိုက်လို့ရတယ်။ အကုန်အကျသက်သာမယ်ဆိုတာကို သူက Lord Of The Rings : The Two Towers ဇာတ်ကားကို ကြည့်နေရင်း သိသွားခဲ့ပါတယ်။ 
-ဂျိမ်းစ်ကင်မရွန်းက ဟိန္ဒူနတ်ဘုရားတွေဖြစ်တဲ့ သျှီဝ၊ ရာမ၊ ခရစ်ရှနာတို့ကို ကြည့်ပြီး Na'vi တွေကိုလည်း အပြာရောင်ခန္ဓာကိုယ်နဲ့ ဖန်တီးဖို့ အကြံရသွားခဲ့တာပါ။
အပိုင်း (၂) ဆက်လက်တင်ပြပေးပါ့မယ်...။

ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ  Movie Locos ကို အားပေးကြပါဦးခင်ဗျာ။

www.myanmartechit.blogspot.com

Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။