ပေါ့ပါး ပါးလွှာတဲ့ ပုံစံအသစ်နဲ့ Acer E1-470G ထွက်ရှိ




Acer ကြိုက်နှစ်သက်သူများအတွက် ပေါ့ပါးပါး လွှာသော Model  အသစ် Acer E1-470G Laptop ထွက်ရှိလာကြောင်း သိရသည်။

3th Generation   CPU,  Core i5 M-3337  ကို အသုံးပြုထားပြီး 2.4 Ghz ရရှိစေမည်ဖြစ်သည်။ ၁၄ လက်မ Screen Size HD  ကို အသုံးပြုထားပြီး  Acer ရဲ့ Cine Crystal LED LCD ကို အသုံးပြုထားကာ Ram  4GB DDR3 ကို အသုံးပြုထားကြောင်း သိရသည်။ Data သိမ်းဆည်းရန် အတွက်  HDD 500GB ကို အသုံးပြုထားပြီး Graphic အနေနဲ့ Nvidia Gefore GT 720M တပ်ဆင်ထားကာ 2GB အထိ ရရှိနိုင်သည့်အတွက်  Gamer တွေ အကြိုက်တွေ့စေမည် ဖြစ်သည်။ Auto Cut သုံးရန်နှင့်   တခြား Project ပိုင်းတွေအတွက်ပါ  အဆင်ပြေနိုင်ပြီး CD  နှင့်  DVD ကို ရေးနိုင်ဖတ်နိုင်သော SuperMulti DL   Drive  ပါဝင်ကာ 802.1 b/g/n  ရှိတဲ့ Wireless LAN လည်း  ပါဝင်မည် ဖြစ်သည်။

ဒါ့အပြင် HD Webcam တစ်ခုပါဝင်မည် ဖြစ်ပြီး  မြန်နှုန်းမြင့် USB 3.0Port,  Blue tooth, HDMI   နှင့် 4Cell Li-ion   Batteryကို တပ်ဆင်ထား   ကြောင်း သိရသည်။ ပေါ့ပါးပြီး  ပါးလွှာသောကြောင့် ခရီးသွားရင်းဖြစ်စေ၊ သယ်ဆောင် အသုံးပြုသူတွေ အတွက်ဖြစ်စေAcer E1-470G က အသင့်တော်ဆုံး ဖြစ်ပြီး Colour အနက်ရောင်ဖြင့် ရရှိနိုင်ကာ ဈေးနှုန်းငွေကျပ် ၅၃ဝဝဝဝ ဖြင့်   SCS Computer ဖုန်း-  ဝ၁- ၂၉ဝ၃၈၄ နှင့် ကွန်ပျူတာ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်ကြောင်း  သိရသည်။
မြဝတီ



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

No comments:

Post a Comment