ကမ္ဘာကျော် Google ကုမ္ပဏီကြီးက သိပ္ပံပညာရှင်တွေဟာ ဟီလီယံဓာတ်ငွေ့တွေ
ဖြည့်ထားတဲ့ ဓာတ်ငွေနဲ့ပျံတဲ့ လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံက
ကောင်းကင်ကို လွှတ်တင်ခဲ့ကြပါတယ်။
ကမ္ဘာပေါ်တ၀ှမ်း worldwide web လို့ခေါ်တဲ့ အင်တာနက်မရရှိတဲ့ လူ ၅ ဘီလီယံကျော်
အင်တာနက်ရရှိနိုင်ဖို့ စိတ်ကူးနဲ့ အဲဒီလို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
Google ကုမ္ပဏီက အဲဒီလို ပူဖေါင်းတွေကို လွှတ်တင်လိုက်တဲ့အချိန်မှာ
နယူးဇီလန်နိုင်ငံ Christchurch မြို့က အိမ်ခြေ ၅၀ လောက်ဟာ အဲဒီ
ပူဖေါင်းတွေကနေ အင်တာနက် ဆက်သွယ်လို့ရခဲ့ပါတယ်။
လေပေါ်မှာ ကီလိုမီတာ ၂၀ လောက် ပျံသန်းနေတဲ့ အဲဒီ ပူးဖေါင်းတွေဟာ လေထဲမှာ ၃
လလောက် တည်ရှိနိုင်ဖို့အတွက် လုပ်ထားတာဖြစ်ပါတယ်။
VOA Burmese
VOA Burmese
facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
No comments:
Post a Comment