တယ်လီနောမြန်မာသည် Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)




တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။


ထိုဖုန်းခေါ်ဆိုမှုအားမြန်မာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှခေါ်ဆိုစမ်းသပ် ခဲ့ခြင်းဖြစ်သည်။

လိုင်စင်ရပြီး ၂လအကြာတွင်တည်ဆောက်ခဲ့သည့် ရန်ကုန်မှ၂၂ ကီလိုမီတာဝန်းကျင်ကွာဝေးသောတယ်လီနော၏ Data Centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်ရှိတယ်လီနောမြန်မာ၏ ရုံးချုပ်သို့ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းဖုန်းခေါ်ဆိုမှုအနေဖြင့်တယ်လီနော၏ 3G ကွန်ယက် ပေါ်မှပြုလုပ်ခြင်းဖြစ်ပြီးအသံဖြင်းဖုန်းခေါ်ဆိုမှုအပြင်
ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

===================================

သတင်းနှင့် ဓာတ်ပုံ – ရာဇကိုကို

 TechSpace Journal



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
www.myanmartech.blogspot.com





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

No comments:

Post a Comment