၂၀၁၄ ( ၁၃၇၆ ) ခုနှစ်အတွက် မန္တလေး မဟာသင်္ကြန်စာ



 
ပုဏ္ဏားနက္ခတ္တဗေဒပညာရှင် ဆရာအောင်ပိုင်တွက်ချက်ရေးသားသည့် သူရိယသိဒ္ဓန္တမဟာသင်္ကြန် ကျ-တက် ၁၃၇၆ ခုနှစ်အတွက် မြန်မာဝိသုဝမန္တလေး မဟာသင်္ကြန်စာ---

မဟာသင်္ကြန်သင်္ကြန်အကျရက် ၁၃၇၅ ခုနှစ် နှောင်းတန်ခူးလဆန်း(၁၅)ရက်၊ ၂ဝ၁၄ ခုနှစ် ဧပြီလ (၁၄)ရက်၊ တနင်္လာနေ့နက် စက်(၁ဝ)နာရီ၊ (၁၈)မိနစ်၊ (၃၉)စက္ကန့်။မဟာသင်္ကြန်အကြတ်ရက် ၁၃၇၅ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၁)ရက်၊ ၂ဝ၁၄ ခုနှစ် ဧပြီလ (၁၅)ရက်၊ အင်္ဂါနေ့။ မဟာသင်္ကြန်အတက်ရက် ၁၃၇၅ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၂)ရက်၊ ၂ဝ၁၄ ခုနှစ် ဧပြီလ (၁၆)ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ စက်နာရီ(၂)နာရီ၊ (၂၃)မိနစ်၊ (၂ဝ)စက္ကန့်။
မြန်မာနှစ်ဆန်း(၁)ရက် ၁၃၇၆ ခုနှစ် ဦးတန်ခူးလပြည့်ကျော်(၃)ရက်၊ (၂ဝ၁၄)ခု ဧပြီလ (၁၇)ရက် ကြာသပတေးနေ့၊ သုဒ္ဓဒိန်-၁

အောင်ဇေယျတုသဗ္ဗမင်္ဂလာ အချင်း ယူဇနာ(၅ဝ)၊ လုံးဝန်း ယူဇနာ(၅ဝ)ရှိသော၊ အတွင်းကရွှေ၊ အပကား ဖန်ဖြင့်ပြီးသော ရောင်ခြည်တစ်ထောင်အလင်းဆောင်သော ဘဏုရာဇမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သောမိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ်အဆုံး အဝဿန်နဝင်းထက်မှသည် တန်ခူးဖြစ်သောမိဿရာသီ အဿဝတီနက္ခတ်၊ ပထမပါဒ် အာဒိအင်္ဂါ(ဝဂ္ဂုတ္ဘမနဝင်း)ထက်သို့ တွက်စစ်ကောဇာ မြန်မာသက္ကရာဇ်ကား (၁၃၇၅)ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၅)ရက်၊ ၂ဝ၁၄ ခုနှစ် ဧပြီလ(၁၄)ရက် တနင်္လာနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စံချိန် နံနက် စက်(၁ဝ)နာရီ၊ (၁၈)မိနစ်၊ (၃၉)စက္ကန့်၊ မြန်မာဗဟိုရ် နေ့ ၁-ချက်တီးကျော်၊ ၃ နာရီ၊ ၂ ပါဒ်၊ ၅ ဗီဇနာ၊ ၅ ပြာဏ်၊ ၂ ခရာအချိန်၊ မေထုန်ရာသီ သုဒ္ဓလဂ်၊ ကန်ရာသီသုဒ္ဓစန်း၊ တနင်္ဂနွေဟောရက် သောကြာတြင်း၊ စနေနဝင်း၊ သောကြာဒ္ဓါဒသင်း၊ ကြာသပတေးင်္တံသင်း၊ နက္ခတ် ၅ လုံး၊ ၁ ပါဒ်၊ ၁ဝ ယဋီ၊ ၁၄ ဝီယဋီ၊ ၅၂ အနုယဋီပြည့်ထက် လဂ်စီးလျှက် ဝါဏိဇ္ဇကရိုင်းနှင့်ယှဉ်လျှက် ဘာဏုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည် နွားနို့သစ် အဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျှက် မြွေကိုစီး၍၊ လက်တဘက်ကား အဲမောင်း၊ လက်တဘက်ကား ချွန်းတောင်းကိုကိုင်လျှက် အနောက်မြောက်ထောင့်ကသည် တောင်သို့ဝင်၏။

ကညာဒေဝီနတ်သမီးကားအလှည့်စေ၍ ပရမီသွာနတ်မင်း၏သား “အာသီ”အမည်ရှိသောဗြဟ္မာမင်း၏ ဦးခေါင်းကိုကမ်းသည်ရှိသော် မံသီဒေဝီနတ်သမီးကား ရွှင်သောမျက်နှာဖြင့်လှမ်းလင့်၏။
ယောရဿဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အဝါအားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသောအဝတ်တန်ဆာကိုဝတ်ဆင်လျှက် သင်္ကြန်မင်းကိုစောင့်လင့်၏။

ထို့ကြောင့် မိုးလည် မိုးနှောင်း ကောင်းအံ့၊
မိုးတဖျင်းသုံးရွာအံ့၊
လူတို့ အနာအဖျားများအံ့၊
အဆိပ်ထန်သောမြွေ ထူအံ့၊
မြွေခဲ၍ သတ္တဝါတို့ ဘေးဖြစ်အံ့၊
ပြည်ရွာဟူသမျှ ဥပါဒ်ဖြစ်အံ့၊
ကုန်သည်တို့၌ကား ဒဏ်ရှိအံ့၊ ပြည့်ရှင်မင်း နှိပ်စက်အံ့၊
မင်းမိန်းမတို့ အမှုအခင်းဖြစ်သည်များအံ့၊
ဗြဟ္မာပြည်ပျက်အံ့၊
ဆား၊ ဆေး ရှားအံ့။
(ဤကား အတာသင်္ကြန်ကျ အလိုတည်း) --------

(ဒီအပိုင်းက ဦးခေါင်းဆေးမင်္ဂလာပါဗျား)
သင်္ကြန်သုံးပါးတို့တွင် သာမန္တမဟာသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄)မိနစ်ရောက်သောအချိန်၌ ဦးခေါင်းဆေး မင်္ဂလာပြုရာ၏။
ဤကား အများနှင့်ဆိုင်သော သာမညအခါပေတည်း။
အသီးအသန့်ဝိသေသအခါပေကား သင်္ကြန်မြေခံသောသင်္ကြန်ကျသည့်အချိန်တွင် တိဌိ ၁၃ လုံး၊ ၄၉ ဃဋီ၌ ဣဌတနင်္ဂနွေမြေခံ၏။
သို့ဖြစ်၍ ယင်းထီတိမြေခံဆိုင်ရာမှာ တနင်္ဂနွေဖြစ်ပြီး၊ သင်္ကြန်ကျသည့်ရက်မှာ တနင်္လာနေ့ဖြစ်သည်။

သို့ဖြစ်ရာ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့ဖွားသားသမီးတို့မှအပ ကြွင်းကျန်ကုန်သောနေ့ သားသမီးတို့သည် မိမိတို့၏နေ့အလိုက် ဂဟပတိအရပ်ကား အင်္ဂါသားသမီးအတွက် မိမိမွေးနံကျရာ အင်္ဂါအရပ်ဖြစ်သော အရှေ့တောင်အရပ်ကို ပရိဝါရမှဆက်၍ အာယု၊ နာဂရ၊ ဘုမ္မိ၊ ဂဟပတိဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်လေးမျက်နှာကိုလှည့်၍ယူရာတွင် အနောက်မြောက်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဟူးသားသမီးကား မြောက်အရပ်၊
ကြာသပတေးသားသမီးကား အရှေ့အရပ်၊
သောကြာသားသမီးကား တောင်အရပ်၊
စနေသားသမီးကား အရှေ့မြောက်ထောင့်အရပ်၊
ရာဟုသားသမီးကား အရှေ့တောင် အရပ်များသို့ မျက်နှာမူပြီးလျှင်
မိမိတို့နံ၏အမြစ်ဖြစ်သောအင်္ဂါကား- ကံ့ကော်၊
ဗုဒ္ဓဟူးကား-မြေစာ၊
ကြာသပတေးကား-ဝါး(ရွက်လှ)၊
သောကြာကား-သပြေ၊
စနေကား-သီး၊
ရာဟုကား-မြေစာ
အမြစ်နှင့်နံတူပန်းညွန့်တို့ကို နင်းကြမ်းပြု၍။။------
မိမိတို့နံ၏ အညွန့်ပန်း အင်္ဂါကား-ခရေညွန့်၊
ဗုဒ္ဓဟူးကား-သပြေညွန့်၊
ကြာသပတေးကား-သီဟိုဋ္ဌ် (သို့)သီးညွန့်၊
သောကြာကား-ဒန်းညွန့်၊
စနေကား-အုန်းညွန့်၊
ရာဟုကား-သပြေညွန့်ဟူသော နံတူပန်းပွင့်ပန်းညွန့်တို့ကို အသီးသီးဆောင်လျှက် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်း နတ်မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျမြေခံနေ့သားသမီးဖြစ်သော တနင်္ဂနွေနေ့ဖွားသားသမီးတို့သည် သင်္ကြန်အကျနေ့တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အနောက်တောင်ထောင့်အရပ်သစ်ပင်ရင်းတွင် မိမိတို့နံ၏ အမြစ်ဖြစ်သော ဒန်းညွန့်ကိုအခင်းပြု၍ မိမိတို့နံ၏အညွန့်ဖြစ်သော ကံ့ကော်ညွန့်ကိုဆောင်လျှက် သင်္ကြန်အကျဂြဟာဇာပွင့်ရာ နောက်တောင် ထောင့်အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ တုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာ ဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျမြေခံနေ့သားသမီးဖြစ်သော တနင်္ဂနွေနေ့ဖွားသားသမီးတို့သည် သင်္ကြန်အကျနေ့တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အနောက်တောင်ထောင့်အရပ်သစ်ပင်ရင်းတွင် မိမိတို့နံ၏ အမြစ်ဖြစ်သော ဒန်းညွန့်ကိုအခင်းပြု၍ မိမိတို့နံ၏အညွန့်ဖြစ်သော ကံ့ကော်ညွန့်ကိုဆောင်လျှက် သင်္ကြန်အကျဂြဟာဇာပွင့်ရာ အနောက်တောင်ထောင့်အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလသာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျနေ့သည်တနင်္လာနေ့ဖြစ်ရာ တနင်္လာနေ့ဖွားသားသမီးတို့သည် သင်္ကြန်အကြတ်ရကင်တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အနောက်အရပ် သစ်ပင်ရင်းတွင် တနင်္လာနံ၏အမြစ်ဖြစ်သော အုန်းညွန့်ကိုအခင်းပြု၍ မိမိနံ၏အညွန့်ဖြစ်သော မြေစာညွန့်ကိုဆောင်လျှက် သင်္ကြန်အကြတ်ရက်ဖြစ်သော အင်္ဂါနေ့၌ ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ်ဂြဟဇာအရပ်ဖြစ်သော အနောက်အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလသာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကိုပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

သင်္ကြန်အကျမြေခံနေ့သားသမီးဖြစ်သော တနင်္ဂနွေနေ့ဖွားသားသမီးတို့သည် သင်္ကြန်အကျနေ့တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အနောက်တောင်ထောင့်အရပ်သစ်ပင်ရင်းတွင် မိမိတို့နံ၏အမြစ်ဖြစ်သော ဒန်းညွန့်ကိုအခင်းပြု၍ မိမိတို့နံ၏အညွန့်ဖြစ်သော ကံ့ကော်ညွန့်ကိုဆောင်လျှက် သင်္ကြန်အကျဂြဟာဇာပွင့်ရာ အနောက်တောင် ထောင့်အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလသာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျနေ့သည်တနင်္လာနေ့ဖြစ်ရာ တနင်္လာနေ့ဖွားသားသမီးတို့သည် သင်္ကြန်အကြတ်ရကင်တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အနောက်အရပ် သစ်ပင်ရင်းတွင် တနင်္လာနံ၏အမြစ်ဖြစ်သော အုန်းညွန့်ကိုအခင်းပြု၍ မိမိနံ၏အညွန့်ဖြစ်သောမြေစာညွန့်ကိုဆောင်လျှက် သင်္ကြန်အကြတ်ရက်ဖြစ်သော အင်္ဂါနေ့၌ ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ်ဂြဟဇာ အရပ်ဖြစ်သော အနောက်အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလသာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကိုပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

သင်္ကြန်အကျနေ့သည်တနင်္လာနေ့ဖြစ်ရာ တနင်္လာနေ့ဖွားသားသမီးတို့သည် သင်္ကြန်အကြတ်ရကင်တွင် မိမိတို့၏ဂဟပတိအရပ်ဖြစ်သော အနောက်အရပ် သစ်ပင်ရင်းတွင် တနင်္လာနံ၏အမြစ်ဖြစ်သော အုန်းညွန့်ကိုအခင်းပြု၍ မိမိနံ၏အညွန့်ဖြစ်သောမြေစာညွန့်ကိုဆောင်လျှက် သင်္ကြန်အကြတ်ရက်ဖြစ်သော အင်္ဂါနေ့၌ ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ်ဂြဟဇာ အရပ်ဖြစ်သော အနောက်အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါ၊ မိဘ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလသာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒများကို ဆုတောင်း၍ ဦးခေါင်းဆေး မင်္ဂလာပြုကုန်ရာသည်။

ဦးခေါင်းဆေးရသောအကျိုးကား သင်္ကန္တေ၊ သင်္ကြန်ဟုခေါ်ဝေါ်အပ်သောတနင်္ဂနွေဂြိုဟ်မင်းသည် ပုဏ္ဏမေ အံသာ ၃၆ဝ ရသဖြင့် တစ်ဘဂဏပြည့်၍ မိန်ရာသီအဝဿန်နဝင်းမှ မိန်ရာသီအာဒိနဝင်းသို့ ပြောင်းခဲ့သည်ရှိသော် ဣဓ၊ ဤလူ့ပြည်၌ မာဏဝါ၊ သတ္တဝါဟုခေါ်ဝေါ်အပ်ကုန်သော မနုဇာ၊ လူအပေါင်းတို့သည် သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။

တေသံ၊ ထိုဦးခေါင်းဆေးကုန်သောသူတို့အား သတ္တဘာဂီ၊ ခုနှစ် နှစ်ကဖြစ်ကုန်သော ရောဂီ၊ အနာမျိုးတို့သည် ဝိနာသေယျုံ ကင်းပျောက်ကုန်ရာ၏။
သုခဘာဂီ၊ ချမ်းသာခြင်း၏အဖို့ဖြစ်ကုန်သော သတဿဟသာနိ တစ်သိန်းသောအကျိုးတို့သည် အဝေယျုံ၊ ဖြစ်ကုန်ရာ၏။

(သင်္ကြန်မှာရှောင်ရန်များ၊ ၇ ရက်သားသမီးဗေဒင်နဲ့ယတြာ)


သင်္ကြန်အခါရှောင်ကျဉ်ရမည့်အမှုများကား သင်္ကြန္တ ဒိဝဒေရုဒံ၊ မေထုမဉ္စမံသံ၊ ငုရံ၊ ကော်ဓေါစနကရေရုဒံ၊ ကော်လိတံရုက္ခစ္ဆေဒေါစ၊ ကိဏေယျဝိတ္တိဏေယျဝါ၊ ဣမာနိဒဿကမ္မာနိ၊ သက္ကောတိပရိဝဇ္ဇရေ ဟုဆိုသောကြောင့် မင်္ဂလာစကားလင်္ကာကြားအံ့၊

ကြောင်းလျာစုံစေ့သင်္ကြန်နေ့၌ မတွေ့ဝေးစွာရှောင်ကုန်ရာသား ၁-မသာနှလုံးညှိုးချုံးစိုးရိမ်၊ အငြိမ်ပူဆွေး ငိုကြွေးကုန်ထ၊ ၂ ကာမအရာမေထုနာနှင့်၊ ၃ ပါဏာသတ်ပုတ်၊ ၄ သောက်ထုတ်သေရက်၊ ၅ မျက်ထွက်မာန ပဋိယနှင့်ဒေါသကိုငြိမ်း၊ ၆ ဆီလိမ်းပွတ်ဆင်၊ ၇ သစ်ပင်ခုတ်ဖြတ်၊ ၈ သတ်ခတ်ကုန်ရောင်း၊ ၉ အရောင်း၊ ၁ဝ အဝယ်လဲလှယ်ဟူသည် ဤဆယ်မည်ကို လူ့ပြည်လူ့ခွင်လူကိုစင်ထား မြင့်မိုရ်ဖျားဝယ် သိကြားသော်မှမပြုရရာ ရှောင်ကျဉ်ရာဟု ကျမ်းလာသော်ကားလင်္ကာကြားသည်။
(ဤကား မဟာသင်္ကြန်ကျအလိုတည်း)


(မြန်မာသက္ကရာဇ်၁၃၇၆ ခုနှစ်။ ခရစ်နှစ် ၂ဝ၁၄ ခုနှစ် သင်္ကြန်စာ ၇ ရက်သားသမီးအဟော ပိုင်းပါ)

တနင်္ဂနွေသားသမီးများသည် အောင်မြင်ကြီးပွားချမ်းသာ၍ ကံကောင်းသောနှစ်ဖြစ်သည်။
မည်သူ့ကိုမျှ ငွေကြေးအာမခံခြင်း ကတိပေးခြင်းများမပြုလုပ်ပါနှင့်။
လင်မယားချင်း တကျက်ကျက်ဖြစ်အံ့။
စနေ၊ ကြာသပတေးသားသမီးများကြောင့် ကြီးပွားတိုးတက်မှု ရရှိလိမ့်မည်။ ကြိုးစားသလောက် အောင်မြင်လိမ့်မည်။
ချစ်သူနှစ်ဦးကြား စကားကြောင့်နားလည်မှုလွဲမှား၍ လမ်းခွဲစကားပြောရလိမ့်မည်။
ရင်းနှီးမြှုတ်နှံမှုလုပ်ငန်းများ အောင်မြင်လိမ့်မည်။
ငွေကြေးနှင့်ပတ်သက်၍ စုဆောင်းနိုင်မှတော်ကာကြအံ့။
လူပျိုများ စကားပြောဆင်ခြင်ပါ။
အမျိုးသား အမျိုးသမီး မလွတ်လပ်သူ၏မျက်နှာသာပေးမှုခံရအံ့။
ယခုနှစ်တွင် ဗုဒ္ဓဟူး၊ စနေ၊ ကြာသပတေးသားသမီးများကြောင့် စိဆ်ဆင်းရဲရမည့်နှစ် ဖြစ်အံ့။
တနှစ်လုံး အနက်ရောင်ဝတ်ဆင်ခြင်းမှရှောင်ကျဉ်ပါ။
နိုင်ငံရပ်ခြားသို့သွားရောက်၍ စီးပွားလုပ်ငန်းတိုးချဲ့ရခြင်းများ ကြုံတွေ့ရမည့်နှစ်ဖြစ်အံ့။
(ယတြာ) မွေးနေ့မနက်(၉)နာရီ(၉)မိနစ်တွင် စနေထောင့်ရှိမြတ်စွာဘုရားကို ပိတောက် (သို့) ပေါက်ပန်းဖြူ ၅ ညွန့်၊ ဒန်း ၇ ညွန့်ကိုလှူဒန်းပါ။

------------------------------------------------------

တနင်္လာသားသမီးများသည် ယခုနှစ်တွင် မည်သည့်ကိစ္စလုပ်လုပ် ပရိယယ်ကြွယ်ဝစွာလုပ်ကိုင်ပါမှ အောင်မြင်မည့်နှစ်ဖြစ်အံ့။
လုပ်သမျှကိုင်သမျှ အခက်အခဲများကိုကျော်လွှားနိုင်ပြီး ထွန်းထွန်းပေါက်ပေါက်အောင်မြင်အံ့။
အပြိုင်အဆိုင်များကြားမှ အောင်မြင်မှုရအံ့။
နိုင်ငံရပ်ခြားသွားရခြင်း မော်တော်ယဉ်အသစ်ဝင်ခြင်း အိုးပိုင်အိမ်ပိုင်ရရှိခြင်းများကြူံတွေ့ရအံ့။
အခက်အခဲအကြပ်အတည်းများမှ လွတ်မြောက်အံ့။
အိမ်ထောင်ဘက်၏ကျန်းမာရေးညံ့ဖျင်းအံ့၊ ချစ်သူနှစ်ဦး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်အံ့။
ပညာရေးကြိုးစားသလောက်အောင်မြင်မည့်နှစ်ဖြစ်အံ့။
အပေါင်းအသင်းများကြောင့် စိတ်ဆင်းရဲစရာကြုံရမည်။ စိတ်ဓာတ်တက်ကြွနေသလောက် စီးပွားရေးတိုးတက်အံ့။
ကျန်းမာရေးတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အမျိုးသမီးဓမ္မတာရောဂါများ အထူးဖြစ်အံ့။
(ယတြာ) မွေးနေ့နံနက်(၉း၂၇)အချိန် အနောက်အရပ် ကြာသပတေးနံဘုရားတွင် ကံ့ကော်(၁၅)ညွန့်ကို မြတ်စွာဘုရားအားလှူဒန်းပါ။

------------------------------------------------------------------------

အင်္ဂါသားသမီးများသည် ကြိုးစားသလောပက် ကြီးပွားတိုးတက်မည့်နှစ်ဖြစ်အံ့။
ဝင်ငွေစုဆောင်းနိုင်မည့်နှစ်ဖြစ်အံ့။
ကားအသစ်ဝင်ခြင်း ပိုင်ဆိုကင်မှုဓနဥစ္စများတိုးတက်ကြွယ်ဝလာအံ့။
ကဆုန်၊ နယုန်၊ ဝါခေါင်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို ဤ(၆)လတွင် ပညာရေး စီးပွားရေးကိစ္စရပ်များကို အထူးကြိုးစားအံ့။
ခရီးသွားရန်ကြံစည်ထားမှုများ၊ ရင်းနှီးမှုလုပ်ငန်းများမပြူလုပ်သင့်သောနှစ်ဖြစ်သည်။ ပညာရေးတွင် ကိုယ်တိုင်စိတ်ဝင်စားမှုမရှိပဲဖြစ်နေအံ့။
အိမ်ထောင်သည်အမျိုးသား အမျိုးသမီးမျာိးမ်ထောင်ရေးကံ အထူးကောင်းအံ့။
(ယတြာ)မွေးနေ့နံနက် ၉ နာရီ ၃၆ မိနစ်တွင် အနောက်မြောက်ထောင့်ရှိရာဟုနံဘုရားတွင် သီဟိုဌ်/သီး/သရက်ညွန့် ၂၁ ညွန့်ကိုကိုင်ပြီး ဒန်း ဆယ်ညွန့်ကိုလှူဒန်းပါ။ ---------

--------------------------------------------------------

ဗုဒ္ဓဟူးသားသမီးများသည် ဤ (၁)နှစ်လုံးတွင် တက်တက်ကြွကြွရွှင်ရွှင်လန်းလန်းဖြစ်နေအံ့။ စွပ်စွဲပြောဆိုခံရခြင်း ချောက်တွန်းခံရခြင်းများ ကြုံတွေ့ရအံ့။ ရင်းနှီးမြှုတ်နှံမှုများ ကြီးကြီးမားမားမပြုလုပ်သင့်။ ငွေဝင်သလောက် စုလို့မရပဲ အလဟဿကုန်နေအံ့။ ယာဉ်အန္တရာယ်၊ ခရီးသွားလာခြင်းကြောင့်ကြုံတွေ့ရသောအန္တရာယ်များ ကျရောက်အံ့။ ပညာရေးတွင် စာများမရပဲ ကျက်စာများသာရနေအံ့။ မိခင်၏ကျန်းမာရေး ညံ့တတ်အံ့။ အခက်အခဲရှိပါက ဖခင်ကဲ့သို့အကြီးအကဲပုဂ္ဂိုလ်များထံမှ အကူအညီတောင်းပါ။ သွေးထွက်သံယိုဖြစ်တတ်အံ့။ (ယတြာ) မွေးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြောက်အရပ်ရှိ သောကြာနံဘုရားတွင် အုန်းညွန့် ၆ ညွန့်ကိုလှူဒန်း၍ လိုရာဆုတောင်းပါလေ။

----------------------------------------------------------------

ကြာသပတေးသားသမီးများသည် ယခုနှစ်တွင်လည်း လုပ်သမျှဒုက္ခပွားအံ့။
ခရီးတို-ရှည်များ မကြာခဏသွားရအံ့။
သူတပါးကုအာမခံခြင်း၊ သက်သေအဖြစ်လက်မှတ်ထိုးခြင်း၊ သက်သေထွက်ဆိုခြင်းများ အထူးသတိထားရှောင်ရှားပါ။ ပတ်ဝန်းကျင်မှ အထင်ကြီး၍ ငွေ မကြာခဏချေးငှားခြင်းခံရအံ့။
အထက်လူကြီးကြောင့် မျက်နှာပွင့်လန်းအံ့။
အထက်လူကြီး၏ဖိနှိပ်မှုဒဏ်ကိုလည်း မကြခဏခံရအံ့။
သို့သော် ပြဿ     နာရပ်များကိုရင်ဆိုင်ဖြေရှင်းနိုင်မည်။ မော်တော်ယဉ်သစ်ဝင်ခြင်း၊ အိုးအိမ်နေရာအပြောင်းအလဲကြုံခြင်းများ ကြုံတွေ့ရအံ့။
အိမ်ထောင်ရေးတွင် ပတ်ဝန်းကျင်ကြောင့် စိတ်ချမ်းသာမှုရအံ့။
သားသမီးများ ကျန်းမာရေးညံ့အံ့။ သီတင်းကျွတ်လနှောင်းပိုင်းမှစပြီး ပညာရေးအခြေအနေအားလုံး ပြန်လည်ကောင်းမွန်လာအံ့။
စီးပွားရေးတွင် ရန်သူဟောင်းက ပြန်လည်၍ အနှောင့်အယှက်ပေးအံ့။
တစ်နှစ်လုံး နာရေးပို့ခြင်း သင်္ချီုင်းမြေနင်းခြင်းနှင့် အနိဌာရုံကိစ္စရပ်များကို အထူးသတိပြု၍ရှောင်ရှားပါ။
(ယတြာ) မွေးနေ့ နံနက် ၉ နာရီ ၉မိနစ်တွင် အရှေ့အရပ်ရှိ တနင်္လာနံဘုရားတွင် ကံ့ကော် ၅ ညွန့်ကိုလှူဒန်းပါ။

-----------------------------------------------------

သောကြာသားသမီးများသည် စီးပွားရေးလုပ်ငန်းသစ်ထူထောင်ခြင်း၊ ဆိုင်သစ်လုပ်ငန်းသစ် စတင်ထူထောင်ခြင်းပြုလုပ်ရအံ့။
မိသားစုရေးကိစ္စများကြောင့် အချိန်ကုန်နေအံ့။ အိမ်ပြင်၊ အိမ်ဆောက်ခြင်း၊ အလုပ်နေရာ၊ အိမ်နေရာပြောင်းရွှေ့ခြင်းများပြုလုပ်ရအံ့။
မနာလိုဝန်တိုသူများ ပေါများအံ့။
ပတ်ဝန်းကျင်၏ ယုံကြည်လေးစားအားကိုးမှုကိုလည်း ခံစားရအံ့။
အပျို လူပျိုများ ထိမ်းမြားမင်္ဂလာပြုလုပ်ရအံ့။
ဝန်ထမ်းများ ဝင်ငွေ လုပ်ပိုင်ခွင့်တိုးတက်ရရှိမည့်နှစ် ဖြစ်အံ့။
ကိုယ့်ထက်ငယ်ရွယ်သူကြောင့် စိတ်ချမ်းသားမှုရအံ့။
ပတ်ဝန်းကျင်၏အထင်ကြီးမှု ခံရအံ့။
ကျောင်းသားကျောင်းသူများ သူငယ်ချင်းအပေါင်းအသင်းများနှင့်ပူးတွဲ၍ စာမကျက်ပါနှင့်။ စာကျက်ခြင်းထက် စကားပြောခြင်းများနေအံ့။
နိုင်ငံရပ်ခြားသွာားရောက်၍ ပညာသင်ကြားလိုသောကျောင်းသားကျောင်းသူများ သွားရောက်ခွင့်ရအံ့။
(ယတြာ)မွေးနွေ့ နံနက်(၉း၂၇)အချိန်တွင် တောင်အရပ်ရှိ ဗုဒ္ဓဟူးနံဘုရားတွင် ဆီထမင်း(၃)ပန်းကန်လှူဒန်းပါ။

--------------------------------------------------------------

စနေသားသမီးများသည် ကာယကံရှင်၏အရည်အခြင်းကို တိုးတက်အောင်ဖြည့်ဆည်းရမည့်နှစ် ဖြစ်အံ့။ နေအိမ်မှာစွန့်ခွာရခြင်း၊ နိုင်ငံရပ်ခြားပညာသင်သွားခြင်း၊ အလုပ်လုပ်သွားရခြင်းများကြုံတွေ့ရမည့်နှစ် ဖြစ်အံ့။
ဤ တစ်နှစ်လုံးတွင် အစစအရာရာ ခြိုးခြံစွာနေထိုင်ပါ။
လုပ်ငန်းများကိုဖြည်းဖြည်းနှင့်မှန်မှန် သတိထား၍လုပ်ပါ။
ရတနာပစ္စည်းများနှင့်ပတ်သက်၍ စိတ်ညစ်စရာကြုံတွေ့ရအံ့။ အပျိုလူပျိုများ တိတ်တဆိတ်ရုံးတက်လက်မှတ်ထိုးရအံ့။
အိမ်ထောင်ရှင်အမျိုးသားများ လုပ်ငန်းခွင်မှ အမျိုးသမီးများ၏မျက်နှာသာပေးမှု ခံရအံ့။
အောက်လက်ငယ်သားကြောင့် အိမ်တွင်းရေး၊ အိမ်ထောင်ရေးစိတ်ဆင်းရဲစရာကြုံရတတ်အံ့။
ဆွေမျိုးသားချင်းများ မကြာခဏငွေလာချေးခြင်း အကူအညီတောင်းခြင်းများကြောင့် လင်မယားနှစ်ဦး မကြခဏမသင့်မတင့်ဖြစ်ရအံ့။
 (ယတြာ)မွေးနေ့နံနက် ၉ နာရီ ၂၇ မိနစ်တွင် အရှေ့မြောက်ထောင့်အရပ်ရှိ တနင်္ဂနွေနံဘုရားတွင် အုန်းသီးဖြင့ပြုလုပ်သည့် မုန့်(၆)ကို လှူဒန်းပါ။
PDF နဲ့ လိုချင်ရင် ဒီမှာ  ဒေါင်းပါ...။
Ref : http://babagyi-test.blogspot.com


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

No comments:

Post a Comment