သင့် Android ဖုန်းရဲ့ Mobile အင်တာနက် Data သုံးစွဲနှုန်းကိုဘယ်လိုချုံ့ပစ်မလဲ

how-to-reduce-data-usage-980x400








ဒီဆောင်းပါးလေးကိုရေးသားပေးလိုက်ရတာကတော့ အခုမြန်မာနိုင်ငံမှာ မိုဘိုင်း Operator တွေလည်းစတင်လာပြီ ၊ သူတို့ရဲ့ မိုဘိုင်းဖုန်းအင်တာနက်ငွေကြေးကောက်ခံပုံကလည်း နိုင်ငံတကာပုံစံဖြစ်တဲ့ Data သုံးစွဲမှုပမာဏနဲ့ကောက်ခံမှာဖြစ်တဲ့အတွက် ဖုန်းမှာ Data သုံးစွဲနှုန်းကို ဘယ်လိုချုံ့ပစ်ရမလဲဆိုတာကို မိုဘိုင်းဖုန်းအသုံးပြုသူတွေကို သိစေချင်လို့ဖြစ်ပါတယ်။ iPhone တွေကတော့ ဆော့ဝဲအများစုကို Background ကနေ run ခွင့်ပေးမထားတဲ့အတွက် Mobile Data သုံးစွဲနှုန်းအတွက်ထူးထွေသတိပေးစရာမလိုပါဘူး ။ Android ဖုန်းတွေမှာတော့ ဆော့ဝဲအများစုကို Background process အနေနဲ့ run ခွင့်ပေးထားတဲ့အတွက် အင်တာနက်ကနေ Data တွေအမြဲ sync လုပ်နေတဲ့ဆော့ဝဲမျိုးတွေကိုသွင်းထားမိရင် ဖုန်းမှာမလိုအပ်ပဲ အင်တာနက်ကြေးတွေအကုန်အကျအရမ်းများသွားနိုင်ပါတယ်။ ဒါကြောင့် သင့် Android ဖုန်းရဲ့ Mobile အင်တာနက် Data သုံးစွဲနှုန်းကိုလျှော့ချစရာမလိုဘဲ Data Usage ပမာဏကို ဘယ်လိုချုံ့ပစ်မလဲဆိုတာကို တင်ပြပေးလိုက်ရပါတယ်။

Opera Mini ကိုအသုံးပြု ခြင်း



Opera Mini Browser ဟာ မိုဘိုင်း OS တွေအတွက်ထုတ်လုပ်ခဲ့တဲ့ Browser တွေထဲမှာသက်တမ်းအရင့်ဆုံး Browser တစ်ခုလို့ပြောလို့ရပါတယ်။ ဟိုးအရင် Nokia ခေတ်ကတည်းကပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး Mobile Browser တစ်ခုလို့ရည်ညွှန်းရတဲ့အထိကောင်းပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ version တွေမှာဆိုရင် မိုဘိုင်းဖုန်းအင်တာနက် Data အသုံးပြု မှုပမာဏကိုလျှော့ချပေးနိုင်တဲ့အထိကိုစွမ်းဆောင်လာနိုင်တာကိုတွေ့ရပါတယ်။ ဒီ Opera Mini Browser လေးကိုအသုံးပြု ပြီး Website တွေကိုကြည့်ရှုသူတွေအနေနဲ့ မိမိတို့ဖုန်းရဲ့ Website ကြည့်ရှုမှုအတွက် Data သုံးစွဲမှုပမာဏကိုသာမန်ထက် ၂ ဆခန့်လျှော့ချပေးနိုင်တာကို လက်တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီ Browser လေးဟာ သာမန်အတိုင်းကုန်ရမယ့် Data ပမာဏကို Compress လုပ်ပေးလိုက်တာဖြစ်ပါတယ်။ Opera Mini Browser လေးကို အောက်က link မှာရယူနိုင်ပါတယ်။

Opera Mini Browser for Android အားရယူရန်

Opera Max ကိုအသုံးပြု ခြင်း



Opera Max ဆော့ဝဲဟာ Opera Mini ကဲ့သို့ Webpage ကြည့်ရုံမဟုတ်ဘဲ Android ဖုန်းထဲမှာသွင်းထားတဲ့ အင်တာနက် data သုံးစွဲတဲ့ app တိုင်းရဲ့ data သုံးစွဲမှုပမာဏကို compress လုပ်ချုံ့ပစ်နိုင်ပါတယ်။ လက်တွေ့စမ်းသပ်ထားမှုအရ Opera Max ဆော့ဝဲကိုအသုံးပြုပြီး Youtube video ကြည့်ရှုနေချိန်မှာ 10 MB ရှိတဲ့ Video ဖိုင်တစ်ခုကိုကြည့်ရှုတာ 3MB သာ Data သုံးစွဲမှုရှိအောင် Compress လုပ်ပေးလိုက်တာကိုတွေ့ရပါတယ်။ လောလောဆယ်မှာတော့ Opera Max ဆော့ဝဲလေးဟာ Beta version အနေနဲ့ပဲထွက်ရှိပါသေးတယ်။ Opera Max Browser လေးကိုအောက်က link မှာရယူနိုင်ပါတယ်။

Opera Max for Android အားရယူရန်

Onavo Extend ကိုအသုံးပြု ခြင်း



Onavo Extend ဆော့ဝဲကလည်း Opera Max ကဲ့သို့ပါပဲ ။ လုပ်ဆောင်ချက်တူပါတယ်။ သူကတော့ လူသုံးပိုများပါတယ်။ Onavo Extend ဆော့ဝဲကတော့ ဖုန်းမှာအသုံးပြုနေတဲ့ Data ပမာဏကို သက်ဆိုင်ရာ Server ဆီတိုက်ရိုက်မပို့ဘဲ သူ့ရဲ့ကိုယ်ပိုင် VPN Server ဆီကို data ဖြတ်သန်းစေပြီး Data ကို Compress ချုံ့ပစ်လိုက်ပါတယ်။ Opera Max ဆော့ဝဲလိုပဲ ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတိုင်းရဲ့ Mobile Data သုံးစွဲမှုပမာဏကိုလျော့ချပေးနိုင်ပါတယ်။ Onavo Extend ကိုအောက်က link မှာရယူနိုင်ပါတယ်။

Onavo Extend for Android အားရယူရန်

ဒီလောက်ဆိုရင်တော့ အခုပြောခဲ့တဲ့ ဆော့ဝဲများကိုအသုံးပြုပြီး မိမိတို့ Android ဖုန်းတွေရဲ့ မိုဘိုင်းအင်တာနက် Data သုံးစွဲမှုပမာဏကိုသိသိသာသာလျှော့ချလာနိုင်မှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ ။

Ref: TheAndroidSoul

MMAS

No comments:

Post a Comment