ပျောက်ဆုံးသွားတဲ့ ကွန်ပြူတာ၊ တက်ဘလက်နဲ့ စမတ်ဖုန်းများကို ပြန်ရှာနည်းများ


 
 
သင့်ရဲ့ Device တစ်ခု ခိုးယူခံ ရတာပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံး သွားတာပဲ ဖြစ်ဖြစ် တည်နေရာကို ခြေရာခံတာ၊ Lock လုပ်တာနဲ့ သတင်း အချက် အလက် များကို ဖျက်ဆီး ပစ်တာတို့ကို ပြုလုပ်နိုင် ပါတယ်။ သင့်ရဲ့ Device မပျောက်ဆုံး ခင်မှာ အဲဒီ စွမ်းဆောင် ချက်များကို အသုံးပြုနိုင်ဖို့ အခုပဲ ကြိုတင် ပြင်ဆင် လိုက်ပါတော့။ သင့် Device ကိုခြေရာခံဖို့၊ Lock လုပ်ဖို့နဲ့ သတင်း အချက် အလက် များကို ဖျက်ဆီး ပစ်ဖို့အတွက် သင့် Device ဟာ အင်တာနက် ချိတ်ဆက်နေ ရပါမယ်။ အဲဒီ အတွက် Data Connection ပါတဲ့ စမတ်ဖုန်းများ ကိုခြေရာခံဖို့ လွယ်ပေမယ့် Lapton များကို ခြေရာ ခံဖို့တော့ ခက်ခဲမှာပါ။


iPhones, iPads and Macs
----------------------------------
Apple ရဲ့ “Find My “ Service က iPhones, iPads နဲ့ Mac မှာတောင် နဂိုပါရှိပါတယ်။ သင့် Device ရဲ့ iCloud Options မှာ Enable ပြုလုပ် ရမှာဖြစ်ပြီးသင့် Device ပျောက်ဆုံးသွားရင် www.icloud.com ၀က်ဆိုက်ကနေ ခြေရာခံနိုင်ပါတယ်။ ၀က်ဆိုက်ကနေ သင့် Device ကိုပျောက်ဆုံး သွားကြောင်း သတ် မှတ်နိုင်ပြီး Lock လုပ်တာ၊ ဒေတာများကို ဖျက်ဆီးပစ်တာ တို့ကို ပြုလုပ်နိုင်ပါတယ်။ 

Apple ရဲ့ နည်းလမ်းက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ၀က်ဆိုက်ကနေ iPhone , iPad ကို “ Lost Mode” မှာသတ်မှတ်လိုက်ရင် iCloud က သင့် Device ရဲ့ လှုပ်ရှားမှုကိုမြေပုံမှာ လမ်းကြောင်းများ အနေဖြင့် အချိန်နဲ့ တစ်ပြေးညီ ပြသနိုင်ပါတယ်။ သူခိုးကသင့် Device ကို Factory Reset ချလိုက် ရင်တောင် Device ကိုခြေရာ ခံနိုင်ပြီး စီမံခန့်ခွဲနိုင် မှာပါ။ 
 

သင့်ရဲ့ Mac ကိုလည်း အဝေးကနေ Lock လုပ်နိုင်ပါတယ်။ Lock လုပ်ရင် Mac က Shut Down ချ လိုက်မှာ ဖြစ်ပြီးသူခိုးက Firmware Password ကိုရိုက်ထည့်မှသာ Boot လုပ်လို့ရမှာပါ။ အဝေးကနေ Password ကိုသတ်မှတ်နိုင်တဲ့အတွက် သူခိုးကိုတားဆီးနိုင်မှာ ဖြစ်ပါတယ်။ သင့် iOS Device နဲ့ Mac ကွန်ပြူတာမှာအရေးကြီးတဲ့ သတင်းအချက်အလက်များရှိနေရင်လည်း အဝေးကနေ ဖျက်ဆီးပစ်နိုင် ပါတယ်။


Android Phones and Tablets
------------------------------------
Android မှာနဂိုထည့်သွင်းပေးထားတဲ့ Android Device Manager က Android Device ရဲ့ တည်နေရာ ကိုခြေရာခံတာ၊ Lock လုပ်တာ၊ ဒေတာများကိုဖျက်ဆီးပစ်တာတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ Android Device မှ Google Settings App ကိုဖွင့်ပြီး Android Device Manager ကိုတစ်ချက်နှိပ်ပါ။ ပြီးရင် Activate လုပ်ပေးပါ။ 
 

သင့် Android Device ပျောက်သွားရင် Google Play Website ထဲသွားပါ။ Gear Icon ကို နှိပ်ပြီး Android Device Manager ကိုရွေးပေးပါ။ ဒါဆိုရင် သင့် Device ရဲ့ တည်နေရာကိုမြေပုံမှာ ပြသပေး မှာပါ။ Apple လိုမဟုတ်ဘဲ Android Device Manager ဟာ Factory Reset လုပ်ရင် ပျောက်သွားမှာပါ။ သူခိုးကသင့် Device ကို Reset လုပ်လိုက်တာနဲ့ ခြေရာခံလို့မရတော့ပါဘူး။ Android Device Manager က Device ရဲ့ လှုပ်ရှားမှုကိုလမ်းကြောင်းများအနေနဲ့ မြေပုံမှာ ပြပေးနိုင်ခြင်းလည်းမရှိပါဘူး။ သူကသင့် Device ရဲ့ လက်ရှိတည်နေရာကိုသာ ပြသပေးနိုင်ပြီး Sign Out လုပ်လိုက်တဲ့ အခါမှာ တည်နေရာများကို ဖျက်လိုက်တဲ့အတွက် Apple လို History အနေနဲ့ ကြည့်ရှုလို့မရပါဘူး။ 
 

Android မှာ ပိုမိုစွမ်းဆောင် ရည်ကောင်းတဲ့ Third-Party Apps များကိုလည်း သုံးနိုင်ပါတယ်။ ဥပမာ အားဖြင့် သင့် Android Device ဟာ Root လုပ်ပြီးသားဆိုရင် Avastရဲ့ Anti-Theft App ကို System Partition မှာ အင်စတောလုပ်နိုင်ပါတယ်။ အဲဒီအတွက် Factory Reset လုပ်လိုက်ရင်တောင် App က ပျက်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ROM အသစ်ကို အင်စတောလုပ်ရင် ဒါမှမဟုတ် မူလ ROM ကို Flash လုပ်ရင်တော့ App က ပျက်သွားမှာပါ။ 
 

Android Lost App ကိုတော့ သင့် Android Device ပျောက်သွားပြီးမှ Google Play Store ကနေ အဝေးမှ Remote Install လုပ်နိုင်ပါတယ်။ သင့် Android Device ပျောက်သွားရင် Google Play Store မှ Android Lost App ကိုအင်စတောလုပ်ပါ။ ဒါဆိုရင် သင့်ဖုန်းဟာကွန်နက်ရှင် ချိတ်ဆက်မိတာနဲ့ App ကိုအလိုအလျှောက် အင်စတောလုပ်မှာပါ။ Android Lost ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်များက သင့်ဖုန်း ရဲ့ ကင်မရာကနေသူခိုးကိုဓါတ်ပုံရိုက်ပြီးသိရှိနိုင်တာပါ။ နောက်ပြီးဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ အသံများကို နားထောင်နိုင်ပါတယ်။


Windows Phone
--------------------
Microsoft ရဲ့ Windows Phone မှာပျောက်ဆုံးသွားရင် ခြေရာခံနိုင်ဖို့ Find My Phone စွမ်းဆောင်ချက် ပါရှိပါတယ်။ Settings>Find My Phone ထဲသွားပြီး Activate လုပ်ပါ။ သင့်ရဲ့ Windows Phone ပျောက်သွားရင် www.windowsphone.com/en-us ၀က်ဆိုက်ကို သွားပြီးညာဘက်အပေါ်ထောင့် Menu မှ Find My Phone ကို နှိပ်ပြီးတည်နေရာကိုခြေရာခံတာ၊ Lock လုပ်တာ၊ ဒေတာများကို ဖျက်တာ တို့ကို ပြုလုပ်နိုင်မှာပါ။ 
 

Google ရဲ့ Android Device Manager လိုပဲသူခိုးကဖုန်းကို Factory Reset လုပ်ရင် Find My Phone ဟာ Disable ဖြစ်သွားမှာပါ။


Windows PC and Tablets
-------------------------------
Microsoft က Windows PC နဲ့ Tablets များ ကိုခြေရာ ခံနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေး ထားခြင်း မရှိပါဘူး။ အဲဒီအတွက် Prey လို Third-Party Software များကို အသုံးပြုရမှာပါ။ Prey မှာ အခြေခံခြေရာခံတဲ့ စွမ်းဆောင်ချက်များကို အခမဲ့သုံးနိုင်ပါတယ်။ Prey Software ကိုသင့် ကွန်ပြူတာ မပျောက်ဆုံးမီ အရင်ဆုံး အင်စတော လုပ်ထားရမှာပါ။ သင့် ကွန်ပြူတာ ပျောက်ဆုံးသွားရင် Prey ၀က်ဆိုက် ကိုသွားပြီး တည်နေရာကိုခြေရာခံတာနဲ့ Lock ပြုလုပ်နိုင်မှာပါ။ 
 

အဲဒီ ၀န်ဆောင်မှုများဟာ Apple လောက် မကောင်းပါဘူး။ Apple လို BIOS or UEFI Firmware Password များနဲ့ အဝေးမှ Lock ပြုလုပ်လို့မရပါဘူး။ သူခိုးကသင့်ကွန်ပြူတာ ၊ တက်ဘလက်မှာ ၀င်းဒိုးကို ပြန်အင်စတောလုပ်လိုက်တာနဲ့ Prey က ပျောက်ဆုံးသွားမှာပါ။ 
 

Prey လိုအခြား Software များကို Surface RT , Surface 2 တို့လို Windows RT Device များမှာ သုံးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ Windows RT မှာ Third-Party Desktop Software များကို အင်စတော လုပ်လို့မရလို့ပါ။ Windows Store ကနေ Windows Location Tracker လို App များကို အင်စတောလုပ်ပြီးခြေရာခံရမှာပါ။ အဲဒီ App ရဲ့ အလုပ်လုပ်ပုံကိုမစမ်းသပ်ရသေးပေမယ့် Windows Store ရဲ့ ကန့်သတ်ချက်ကြောင့် အဝေးကနေ Lock , Wipe ပြုလုပ်လို့မရပါဘူး။ အဲဒီ App များဟာ အလွန်ဆုံးသင့် Device ရဲ့တည်နေရာကိုသာခြေရာခံနိုင်ပါတယ်။


Linux PC
-----------
Windows PC မှာလိုပဲ Linux မောင်းနှင်တဲ့ ပီစီမှာ Third-Party Software ကိုအသုံးပြုရမှာပါ။ Prey ကို Linux အတွက်လည်းထုတ်လုပ်ပေးထားပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ ကန့်သတ်ချက်များတော့ ရှိပါ တယ်။ Apple လို အဝေးကနေ BIOS Password သတ်မှတ်ပြီးကွန်ပြူတာကို Lock ပြုလုပ်လို့ မရပါဘူး။ သူခိုးက Operating System တစ်ခုကိုအင်စတောလုပ်လိုက်တာနဲ့ Prey ကိုဖျက်ဆီးပစ်မှာပါ။


Chromebooks
-----------------
Chrome OS မှာပျောက်သွားရင် ခြေရာခံနိုင်တဲ့ စွမ်းဆောင်ချက် မပါရှိပါဘူး။ အချို့ Software များက ပျောက်ဆုံးသွားတဲ့ Chromebooksများရဲ့ တည်နေရာ ကိုခြေရာ ခံနိုင်ပေမယ့် အဖွဲ့အစည်းကြီး များကို သာရောင်းချနေကြတာပါ။ ဥပမာအားဖြင့် GoGuardian က ပျောက်သွားတဲ့ Chromebooks ကိုခြေရာ ခံနိုင်ဖို့ ၀န်ဆောင်မှုပေးပေမယ့် Chromebooks များစွာကို အသုံးပြုနေတဲ့ ကျောင်းများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။


Google နဲ့ Microsoft တို့ကအနာဂတ် Android နဲ့ Windows Phone များမှာ iPhone ရဲ့ “Kill Switches” လို စွမ်းဆောင်ချက်မျိုး ထည့်သွင်းပေးမယ်လို့ ကတိပေး ထားပါတယ်။ Microsoft က Windows Phone နဲ့ Windows 8 ကိုပေါင်းစည်းဖို့ ကြိုးစားနေတဲ့အတွက် Windows မျိုးဆက်သစ်များမှာ ပျောက်ဆုံးသွားတဲ့ ကွန်ပြူတာ ကိုခြေရာခံနိုင်တဲ့ စွမ်းဆောင်ချက် ပါရှိလာမယ်လို့ မျှော်လင့်ရပါတယ်။


Ref : Myanmar Digital Life Journal


No comments:

Post a Comment