♪ မြန်မာရိုးရာ ရုပ်ပြောင် sticker များ viber တွင်သုံးနိုင်ရန် စီစဉ် ♫


10557280_359067607576272_993238617865761964_n
အခမဲ့စာပို့စနစ် ၊ HD အရည်အသွေးဖုန်းခေါ်ဆိုမှု စသည့်ဝန်ဆောင်မှုများ ပေးစွမ်းလျက်ရှိသော ကမ္ဘာ့ ထိပ်တန်း မိုဘိုင်းလ်ဆက်သွယ်ရေးစနစ် (www.viber.com) မှ မြန်မာနိုင်ငံအတွင်း စိတ်လှုပ်ရှား စရာကောင်းသောမိုဘိုင်းလ်ဆက်သွယ်ရေးဆိုင်ရာမြင်ကွင်းအခမ်းအနားအစီအစဉ်ကို ၂၀၁၄ဇူလိုင်၃၀ရက် (နေ့လည်၁း၀၀မှညနေ၄း၀၀) နာရီအထိလမ်း၅၀ ကော်ဖီဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်း အနားသည်viber အနေဖြင့်မြန်မာနိုင်ငံရှိမီဒီယာများနှင့်ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်viber အသုံးပြုသူပေါင်း၅သန်းအထိ ရှိနေပြီဖြစ်ကြောင်း viber မှထုတ်ပြန်ကြေ ငြာခဲ့သည်။

“ ကျွန်တော်တို့ အတွက် မြန်မာနိုင်ငံကအရမ်းအရေးကြီးတဲ့ ဈေးကွက်တစ်ခုပါ။တိုးတက်လာတဲ့ viber သုံးစွဲ သူနှုန်းထားကအံ့အားသင့်ဖွယ်ပါပဲ။ မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေအနေနဲ့viber မိသားစုအဖြစ် ၀င်ရောက်လာတာကိုကျွန်တော်တို့ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ဒီနေ့အခမ်းအနားမှာလဲ viber ရဲ့အကြောင်း အရာ တွေကိုမီဒီယာများထံသို့မျှဝေခွင့်ရတာကျွန်တော်တို့အနေနဲ့အထူးပဲ ပျော်ရွှင်ကျေနပ်မိပါတယ်”ဟုViber ၏ CEO ဖြစ်သူ Talmon Marco ကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံး chat application ဖြစ် စေခဲ့ကြောင်းကမ္ဘာ့ထိပ်တန်းသုတေသန အဖွဲ့ အစည်းဖြစ်သောOn Device Researchမှထုတ်ပြန်ထားသည်။ Viber သည် မြန်မာနိုင်ငံမှ viber အသုံးပြုသူများအတွက်ပထမအဆင့်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုကိုအခြေခံ၍ပြုလုပ်ထားသောရုပ်ပုံလေးများ ကိုအခမဲ့ထည့်သွင်းပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် Free and payment အစီအစဉ်များဖြင့် ထည့်သွင်းပေးသွားမည်ဖြစ်သည်။ ထိုအပြင် မြန်မာနိုင်ငံတွင်ဖုန်းအသုံးပြုသူ ၁၀သန်းဝန်းကျင်ခန့်ရှိပြီး viber အသုံးပြုသူမှာ၅သန်းကျော် အသုံးပြုလျက်ရှိကြောင်းသိရသည်။

မင်းလွင်
Myanmar Digital Life Journal

No comments:

Post a Comment