
ဇန်န၀ါရီ ၃၀ ရက်နေ့က နည်းပညာဝန်ကြီးဌာနကနေ ဆက်သွယ်ရေး အော်ပရေတာ
လိုင်စင်ရရှိခဲ့တဲ့ အော်ရီဒူးနဲ့ တယ်လီနော် ကုမ္ပဏီ ၂ ခုဟာ လာမယ့် ၅
နှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ ၉၇ ရာခိုင်နှုန်း တယ်လီဖုန်း
အသုံးပြုနိုင်အောင်အကောင်အထည်ဖော် သွားမယ်လို့ နေပြည်တော်လက်မှတ်ရေးထိုးပွဲ
အခမ်းအနားမှာ ပြောဆိုပါတယ်။