ကွန်ပျူတာ သမားတွေ အမြဲတမ်းကြုံ ရတတ်ပါတယ်။ ကွန်ပျူတာကို ကျွမ်းကျင်သူတွေ
အတွက်တော့ ဘာမှမဖြစ်ပေမဲ့ အခုမှစသုံးတတ်တဲ့ သူတွေမှာ အခုလို ဖြစ်လာရင်
ဘာလုပ်ရမလဲမသိတော့ပဲ မိမိရဲ့ Memory Stick တွေကို Format ချပစ်ကြတတ်ပါတယ်။
အဲ့လိုလုပ်လိုက်ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ အကုန်ပျောက်တော့
နှမြောစရာကောင်းတာပေါ့ဗျာ။ အခု နည်းလေးက ဘာ software မှမလိုသလို ကွန်ပျူတာ
ကို အနည်းငယ် သုံးတတ်တာနဲ့ လိုက်လုပ်လို့ရပါတယ်။ ခက်လဲမခက်ပါဘူး
လုပ်နည်းကို သေချာပြောပြပေးပါ့မယ်။
ပထဆုံး မိမိ Memory Sick or Card မှာ Virus ၀င်ပြီး Folder တွေက Virus
ထိပြီး အလိုလို Hidden ဖြစ်သွားတတ်ပါတယ်။ ဒါကို တစ်ချို့က
အဲ့ဒါများဘာခက်လို့လဲ. Folder Option ထဲမှာ show hidden files and folder
ကို အမှန်ခြစ်လိုက်မှာပေါ့လို့ ပြောတတ်ပါတယ်။ အခုအခြေအနေက အဲ့လို ပေးတာနဲ့
မပေါ်လာတတ်တဲ့ Hidden ဖြစ်နည်းပါ။အောက်က ပုံလေးကို ကြည့်လိုက်ပါ။
အခုလိုမျိုးနဲ့ ကြုံရပြီဆိုရင် Show Hidden Files and Folder ကို
အမှန်ဖြစ်ရုံနဲ့ မရတော့ပါဘူး. အဲ့ဒါကို အခု ဖြေရှင်းနည်းကို
ဖော်ပြပေးပါ့မယ်။ အရင်ဆုံး ကိုယ်ပြန်ဖော်ချင်တဲ့ Memory Stick or Card ကို
ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒါဆို My Computer ထဲမှာ ကိုယ့်ရဲ့ Memory
Stick ရဲ့ Drive name ကို ကြည့်လိုက်ပါ။
ဥပမာ C: , D: တို့တွေတွေ့ပါလိမ့်မယ်။ အဲ့ထဲမှာ ကိုယ့် ရဲ့ memory stick
ရဲ့ name ကိုကြည့်လိုက်ပါ။ E: ဖြစ်တယ်ဆိုပါစို့။ ကွန်ပျူတာ
တစ်လုံးနဲ့တစ်လုံး မတူဘူးနော်။ ဘာပဲဖြစ်ဖြစ် ကိုယ့် Memory Stick နာမည်ကို
မှတ်ထားပေါ့ လွယ်ပါတယ်။
ကဲဒါဆို ပြန်ဖော်နည်း စပါပြီ။ အ၇င်ဆုံး cmd ကိုဖွင့်ပါမယ်။ ဖွင့်နည်းက
Window key + R ကိုတွဲနှိပ်လိုက်ရင် Command Box လေးပေါ်လာပါလိမ့်မယ်။
အဲ့ထဲမှာ cmd လို့ ရိုက်ထည့်ပေးလိုက်ပါ။
အဲ့လိုရိုက်လိုက်ရင် ဒါလေးပေါ်လာပါလိမ့်မယ်။
အခု အဓိက နေရာေ၇ာက်လာပါပြီ။ ရေးရမဲ့စာတွေကို သေချာမှတ်ထားနော်။
attrib -s -h E:\*.* /s /d
ကျွန်တော် ရေးထားသလို လိုက်ရေးပေးပြီး Enter ခေါက်လိုက်ပါ။ ပြီးရင် ခဏစောင့်ပြီး ကိုယ့်ရဲ့ Memory Stick ထဲ ပြန်ဝင်ကြည့်လိုက်ပါ။ သင်ပျော်ရွှင်သွားပါလိမ့်မယ်။ စမ်းကြည့်ပါ အခက်အခဲရှိရင် အစကနေပြန်လုပ်ကြည့်လိုက်ပါ။
www.myanmartechit.blogspot.com
(အခြေခံနည်းပညာများပြန်လည်မျှဝေခြင်း)
အဆင်ပြေပါစေ။အဆင်ပြေရင်facebook မှာ like လုပ်ပါအုံး။
အဆင်မပြေရင်၊လိုအပ်တာရှိရင် comment ပေါ့။




No comments:
Post a Comment