
ရန်ကုန်မြို့၊ ဦးဝီစာရလမ်း၊ တပ်မတော်ခန်းမတွင် ငါးကြိမ်မြောက် Myanmar Mobile Fair ကို ဇန်န၀ါရီလ (၂၁)ရက်နေ့မှ ၂၃ရက်နေ့အထိကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို Zillion Business Service မှ ကြီးမှူးကျင်းပပြီး Apple, Sony, Samsung,LG,Huawei နဲ့ Cherry Mobile အစရှိတဲ့ဖုန်းဆိုင်၊ Brand များနဲ့ အခြား လက်လီ လက်ကားဆိုင်ကြီးများမှ လာရောက် ခင်းကျင်းပြသရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပြီး ဟန်းဆက်များကို ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အထူးလျော့ဈေးများဖြင့် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြပွဲသို့လာရောက် ကြည့်ရူသူများအတွက် i Phone 5s,/ i Pad Air နဲ့ i pad Mini များကို ကံစမ်းနိင်မည့် အထူးအခွင့်အရေးများကိုလည်းရရှိမှာ ဖြစ်ပါတယ်။ Dota 2 ဂိမ်းပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးထားပြီး ပထမဆုမှာ (၇) သိန်းအထိရှိပြီး ဒုတိယဆု (၅)သိန်း၊ တတိယဆု (၃)သိန်း အစရှိသည့်များကို ချီးမြှင့်သွားဖို့ရှိတယ်လို့ သိရပြီး ဒါအပြင် အိမ်မက်ဆုံရာမှ တေးသံရှင်တို့ရဲ့ ဖျော်ဖြေမူများကိုလည်း ရူစားရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment